People’s Choice Awards ဆုေပးပြဲ က်င္းပ

0
552

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ပရိသတ္အႀကိဳက္ ဆု People’s Choice Awards ေပးပြဲကို က်င္းပခဲ့ပါတယ္။

ႏိုဝင္ဘာလ ၁၁ ရက္ေန႔က အဲဒီ ဆုေပးပြဲမွာ ၂၀၁၈ ခုႏွစ္ရဲ႕ အမ်ိဳးသမီး ႐ုပ္ရွင္ထူးခြ်န္ဆုိကို ေဟာလိဝုဒ္ နာမည္ေက်ာ္ မင္းသမီး စကားလက္ ဂ်ိဳဟန္ဆန္က ရရွိသြားပါတယ္။ စကားလက္ ဂ်ိဳဟန္ဆန္ ပထမဆံုး ရရွိခဲ့တဲ့ ဒီဆုဟာ Avengers: Infinity War ႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိခဲ့တာ ျဖစ္ပါတယ္။

နာမည္ႀကီး ဒီဇိုင္နာ တစ္ဦးျဖစ္သူ ဗစ္တိုးရီးယား ဘက္ခမ္းက အခုႏွစ္အတြက္ ဖက္ရွင္အိုက္ကြန္ဆုကို ရရွိခဲ့ပါတယ္။ ဆုေပးပြဲမွာ အမွတ္တရ စကားေျပာၾကားစဥ္ ကယ္လီဖိုးနီးယား ေတာမီးမွာ မီးၿငွိမ္းသတ္ႏိုင္ေရး လုပ္ေဆာင္ခဲ့သူေတြကို ေလးစားေၾကာင္း ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

People’s Choice Awards ေတးဂီတအဖြဲ႔ဆုကိုေတာ့ ေတာင္ကိုရီးယား နာမည္ေက်ာ္ ေတးဂီတအဖြဲ႔ bts က ရရွိသြားပါတယ္။ BTS ဟာ အေမရိကန္ႏိုင္ငံမွာ နယ္လွည့္ ေဖ်ာ္ေျဖပြဲေတြ လွည့္လည္ ျပဳလုပ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

People’s Choice Awards ဆုပေးပွဲ ကျင်းပ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ပရိသတ်အကြိုက် ဆု People’s Choice Awards ပေးပွဲကို ကျင်းပခဲ့ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က အဲဒီ ဆုပေးပွဲမှာ ၂၀၁၈ ခုနှစ်ရဲ့ အမျိုးသမီး ရုပ်ရှင်ထူးချွန်ဆိုကို ဟောလိဝုဒ် နာမည်ကျော် မင်းသမီး စကားလက် ဂျိုဟန်ဆန်က ရရှိသွားပါတယ်။ စကားလက် ဂျိုဟန်ဆန် ပထမဆုံး ရရှိခဲ့တဲ့ ဒီဆုဟာ Avengers: Infinity War ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

နာမည်ကြီး ဒီဇိုင်နာ တစ်ဦးဖြစ်သူ ဗစ်တိုးရီးယား ဘက်ခမ်းက အခုနှစ်အတွက် ဖက်ရှင်အိုက်ကွန်ဆုကို ရရှိခဲ့ပါတယ်။ ဆုပေးပွဲမှာ အမှတ်တရ စကားပြောကြားစဉ် ကယ်လီဖိုးနီးယား တောမီးမှာ မီးငြှိမ်းသတ်နိုင်ရေး လုပ်ဆောင်ခဲ့သူတွေကို လေးစားကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

People’s Choice Awards တေးဂီတအဖွဲ့ဆုကိုတော့ တောင်ကိုရီးယား နာမည်ကျော် တေးဂီတအဖွဲ့ bts က ရရှိသွားပါတယ်။ BTS ဟာ အမေရိကန်နိုင်ငံမှာ နယ်လှည့် ဖျော်ဖြေပွဲတွေ လှည့်လည် ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)