
0
284




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁၀ လသားအရွယ်မှာ မက္ကဆီကို ကလေးငယ် ၆၂ ပေါင် ရှိနေ

မက္ကဆီကိုနိုင်ငံမှာ ၁၀ လသားအရွယ် ကလေးငယ်ဟာ အသက် ၉ နှစ်အရွယ် ကလေးငယ်နဲ့ အလေးချိန်တူနေပြီး ၆၂ ပေါင်အထိ ရှိနေပါတယ်။

မိခင်ဖြစ်တဲ့ အစ္စဘယ် ပန်တိုဂျာ ဆိုသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဟာ ကိုလီမာ ပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး ကလေးငယ် လူးဝစ်ကို မိခင်နို့သာ တိုက်ကြွေးသူ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ၁၀ လသားအရွယ် ကလေးငယ်ရဲ့ အဝလွန်နေတဲ့ ပြဿနာက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကလေးငယ်ဟာ ပရေဒါ ဝီလီ ရောဂါလက္ခဏာကို ခံစားနေရပြီး ပေါင်အရေအတွက် လျော့ကျသွားအောင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်။ ကလေးငယ်ကို မွေးဖွားစဉ်က ၈ ပေါင်သာ ရှိပေမယ့် အခု ၆၂ ပေါင် ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)