
0
463





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှာ IFSC ကမ္ဘာ့ဖလား အမြင့်တက် ပြိုင်ပွဲ ကျင်းပ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဝူကျီယန်မှာ IFSC ကမ္ဘာ့ဖလား အမြင့်တက် ပြိုင်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး အမျိုးသားပွဲစဉ်မှာ အင်ဒိုနီးရှားနိုင်ငံက အက်စ်ပါ ဂျာအယ်လိုလိုကို ဖြတ်ကျော်ကာ ရုရှားနိုင်ငံက အလက်ဆန်ဒါ ရှီကော့ဗ်က အနိုင်ရဗိုလ်စွဲသွားပါတယ်။

အမျိုးသမီးဖိုင်နယ်ပွဲစဉ်မှာတော့ တောင်ကိုရီးယားနိုင်ငံက ဂျာအင်ကင်မ်နဲ့ ပြင်သစ်နိုင်ငံက ဂျူလီယာ ချာနိုအာဒီကို တို့ကို ကျော်ဖြတ်ပြီး စလိုဗေးနီးယားက ဂျန်ဂျာ ဂန်းဘာ့တ်ကာ ဗိုလ်စွဲသွားပါတယ်။

အမျိုးသားပွဲစဉ်ကလည်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ကြရပြီး အရင် ချန်ပီယံ ဂျပန်နိုင်ငံသား တိုမိုအာ နာရာဆာကီကတော့ ဝူကျိယန်ပွဲစဉ်မှာ ဒုတိယအဆင့်ပဲ ချိတ်ပါတယ်။

အမြင့်တက်ပြိုင်ပွဲဟာ အိုလံပစ် အားကစားအဖြစ် တိုကျိုမှာပြုလုပ်မယ့် ၂၀၂၀ အိုလံပစ်မှာ ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)