ဖိလစ္ပိုင္ ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ရင္ သံတမန္ေတြကို ႏွင္ထုတ္မယ္

0
464

ဖိလစ္ပုိင္ႏုိင္ငံရဲ႕  မူးယစ္ေဆးဝါး တုိက္ဖ်က္ေရး လႈပ္ရွားမႈေတြကို ၾကားဝင္ဟန္႔တား ေႏွာက္ယွက္မယ္ဆုိရင္  ဥေရာပ သမဂၢနဲ႔ ကုလသမဂၢရဲ႕ သံတမန္ေတြကို  ႏုိင္ငံအတြင္းကေန ၂၄ နာရီအတြင္း ႏွင္ထုတ္သြားမယ္လို႔  ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက ေျပာလိုက္ပါတယ္။  

ဂ်နီဗာၿမိဳ႕အေျခစိုက္ လူအခြင့္ေရးအဖြဲ႔က ဖိလစ္ပိုင္ႏုိင္ငံကို  ကုလသမဂၢ လူအခြင့္ေရးေကာင္စီ အဖြဲ႔ဝင္ႏုိင္ငံအျဖစ္ကေန ထုတ္ပယ္သင့္တယ္လို႔ ေျပာဆုိခဲ့မႈအေပၚ ဖိလစ္ပိုင္ သမၼတက တံု႔ျပန္လုိက္တာျဖစ္ပါတယ္။ ဥေရာပ လႊတ္ေတာ္ကိုယ္စားလွယ္ အဖြဲ႔ကလည္း   လူသတ္ေနတာေတြ ရပ္ဖုိ႔ ဖိလစ္ပိုင္ သမၼတ ဒူတာေတးကို ေတာင္းဆုိခဲ့တယ္လုိ႔ ဆုိပါတယ္။  

ဖိလစ္ပိုင္ သမၼတက ျပည္တြင္းေရးေတြကို  ၾကားဝင္စြက္ဖက္ေနမယ္ဆုိရင္ လက္ခံမွာ မဟုတ္ဘဲ  ကုလသမဂၢ လူအခြင့္ေရးေကာင္စီက  ဝန္ထမ္းေတြကို ႏုိင္ငံထဲကေန ႏွင့္ထုတ္သြားရမယ္လို႔ မိန္႔ခြန္းတစ္ရပ္မွာ ထည့္သြင္းေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရင် သံတမန်တွေကို နှင်ထုတ်မယ်

ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုတွေကို ကြားဝင်ဟန့်တား နှောက်ယှက်မယ်ဆိုရင် ဥရောပ သမဂ္ဂနဲ့ ကုလသမဂ္ဂရဲ့ သံတမန်တွေကို နိုင်ငံအတွင်းကနေ ၂၄ နာရီအတွင်း နှင်ထုတ်သွားမယ်လို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောလိုက်ပါတယ်။

ဂျနီဗာမြို့အခြေစိုက် လူအခွင့်ရေးအဖွဲ့က ဖိလစ်ပိုင်နိုင်ငံကို ကုလသမဂ္ဂ လူအခွင့်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထုတ်ပယ်သင့်တယ်လို့ ပြောဆိုခဲ့မှုအပေါ် ဖိလစ်ပိုင် သမ္မတက တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ဥရောပ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကလည်း လူသတ်နေတာတွေ ရပ်ဖို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင် သမ္မတက ပြည်တွင်းရေးတွေကို ကြားဝင်စွက်ဖက်နေမယ်ဆိုရင် လက်ခံမှာ မဟုတ်ဘဲ ကုလသမဂ္ဂ လူအခွင့်ရေးကောင်စီက ဝန်ထမ်းတွေကို နိုင်ငံထဲကနေ နှင့်ထုတ်သွားရမယ်လို့ မိန့်ခွန်းတစ်ရပ်မှာ ထည့်သွင်းပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)