ဆြီဒင္ ေတာ္ဝင္ရတနာ ခိုးယူမႈ တစ္ဦး ဖမ္းဆီးထား

0
274

ဒီႏွစ္ အေစာပိုင္းတုန္းက ဆြီဒင္ ေတာ္ဝင္မိသားစု ရတနာေတြကို ခိုးယူမႈမွာ ပါဝင္တယ္လို႔ သံသယရွိသူ တစ္ဦးကို ဖမ္းဆီးထားတယ္လို႔ ဆြီဒင္အစိုးရ ေရွ႕ေနေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔မွာ စထရန္နတ္စ္ ရဲတိုက္ကေန သူခိုးေတြက သရဖူ ႏွစ္ခုနဲ႔ ဦးေဆာင္းတန္ဆာ တစ္ခုတို႔ကို ခိုးယူၿပီး ေမာ္ေတာ္ဘုတ္နဲ႔ ထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္။ ခုိးယူခံရတဲ့ ေတာ္ဝင္ ပစၥည္းေတြကိုလည္း ရွာမေတြ႔ေသးဘူးလို႔ ဆြီဒင္ အစိုးရေရွ႕ေနအဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေတာ္ဝင္ပစၥည္းေတြ ခိုးယူမႈ သံသယနဲ႔ ဖမ္းဆီးထားသူ ဘယ္သူဘယ္ဝါဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပဆိုျခင္း မရွိေသးပါဘူး။ ဘုရင္ နဝမေျမာက္ ကားလ္နဲ႔ မိဖုရား ခရစၥတီးနားတို႔ရဲ႕ ၁၇ ရာစုက ေတာ္ဝင္ပစၥည္းေတြကို ျပသထားတဲ့ မွန္ပံုကို ႐ိုက္ခြဲၿပီး ခိုးယူသြားၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆွီဒင် တော်ဝင်ရတနာ ခိုးယူမှု တစ်ဦး ဖမ်းဆီးထား

ဒီနှစ် အစောပိုင်းတုန်းက ဆွီဒင် တော်ဝင်မိသားစု ရတနာတွေကို ခိုးယူမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဆွီဒင်အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စထရန်နတ်စ် ရဲတိုက်ကနေ သူခိုးတွေက သရဖူ နှစ်ခုနဲ့ ဦးဆောင်းတန်ဆာ တစ်ခုတို့ကို ခိုးယူပြီး မော်တော်ဘုတ်နဲ့ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ ခိုးယူခံရတဲ့ တော်ဝင် ပစ္စည်းတွေကိုလည်း ရှာမတွေ့သေးဘူးလို့ ဆွီဒင် အစိုးရရှေ့နေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်ဝင်ပစ္စည်းတွေ ခိုးယူမှု သံသယနဲ့ ဖမ်းဆီးထားသူ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ဖော်ပြေဆိုခြင်း မရှိသေးပါဘူး။ ဘုရင် နဝမမြောက် ကားလ်နဲ့ မိဖုရား ခရစ္စတီးနားတို့ရဲ့ ၁၇ ရာစုက တော်ဝင်ပစ္စည်းတွေကို ပြသထားတဲ့ မှန်ပုံကို ရိုက်ခွဲပြီး ခိုးယူသွားကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)