
0
232




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်မှာ အိန္ဒိယနိုင်ငံသားတွေ တခြားနိုင်ငံသားထက် ဗီဇာ ရက်လွန်

လူဝင်မှု လေ့လာရေး စင်တာ (CIS) ရဲ့ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံရောက် အိန္ဒိယ နိုင်ငံသားတွေဟာ တခြား နိုင်ငံသားတွေထက် ပြည်ဝင်ခွင့်ဗီဇာကို ရက်ကျော်လွန် နေထိုင်ကြောင်း တွေ့ရှိရပါတယ်။

အမေရိကန် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ၂၀၁၇ ခုနှစ် ပြည်ဝင်၊ ပြည်ထွက် ရက်လွန် နေထိုင်မှု အစီရင်ခံစာမှာ ဗီဇာ သတ်မှတ်ကာလကို ကျော်လွန်နေထိုင်တွေက အိန္ဒိယနိုင်ငံသားတွေ ဖြစ်ပါတယ်။ အများစုက ဧည့်လုပ်သား၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဗီဇာကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှာ ဗီဇာ ရက်လွန် နေထိုင်တဲ့ အိန္ဒိယ နိုင်ငံသား ဦးရေဟာ တိုးလာနေတာ တွေ့ရပြီး ၂၀၁၆ ခုနှစ်မှာ ၈၀၁၆ ဦး ရှိပြီး ၂၀၁၇ ခုနှစ်မှာ ၉၅၆၈ ဦး ရှိလာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)