ဗံုးေတြ ဆက္တိုက္ကြဲေနခ်ိန္မွာ အာဖဂန္ ခ်ာလီခ်က္ပလင္က ၿပံဳးပန္းဆင္ၿပီး ေနမယ္

0
219

ရယ္ေမာျခင္းက အားေဆး၊ ေပါ့ပါးသက္သာမႈနဲ႔ နာက်င္မႈေတြကို ေျပေပ်ာက္ေဆး ျဖစ္တယ္လို႔ ခ်ာလီ ခ်က္ပလင္က ၁၉၄၀ ခုႏွစ္မွာ ေျပာခဲ့ဖူးပါတယ္။

ဗံုးေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္လို႔ လူေတြ ထိတ္လန္႔ေနတဲ့ အာဖဂန္ နစၥတန္ႏိုင္ငံက ကာရင္အာဆာဟာ သူေလးစားရတဲ့ ခ်ာလီခ်က္ပလင္ လမ္းစဥ္ကို လိုက္ႏိုင္ဖို႔ ႀကိဳးစားေနသူ ျဖစ္ပါတယ္။ ဒါက ႐ိုးရွင္းပါတယ္၊ အာဖဂန္ေတြကို ၿပံဳးေစဖို႔ လုပ္ေဆာင္ေပးခ်င္ပါတယ္လို႔ ကဘူးလ္ၿမိဳ႕က အာဖဂန္ ခ်ာလီခ်က္ပလင္လို႔ လူသိမ်ားတဲ့ ဟာသလူရႊင္ေတာ္ ကာရင္အာဆာက ေျပာပါတယ္။

ခ်ာလီခ်က္ပလင္ ပံုစံဝတ္ထားတဲ့ အသက္ ၂၅ ႏွစ္အရြယ္ အာဆာဟာ ငယ္စဥ္က မိဘေတြ အာဖဂန္နစၥတန္ကေန တာလီဘန္ေတြေၾကာင့္ ထြက္ေျပးစဥ္ အီရန္ ႐ုပ္သံမွာ ခ်ာလီခ်က္ပလင္ကို ျမင္ဖူးခဲ့ပါတယ္။ မိသားစုေတြ အာဖဂန္နစၥတန္ကို ျပန္လာတဲ့အခါ သူဟာ အေသခံ ဗံုးခြဲမႈေတြလည္း ျမင္ခဲ့ရဖူးၿပီး မိဘေတြ သေဘာမက်ေပမယ့္ သူဟာ ခ်ာလီခ်က္ပလင္လို စတင္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

တာလီဘန္ သူပုန္ေတြနဲ႔ IS အစၥလာမ္ အၾကမ္းဖက္ အဖြဲ႔ေတြရဲ႕ အေသခံဗံုးခြဲမႈေတြ ၾကားမွာ အာဖဂန္ ခ်ာလီခ်က္ပလင္က လူေတြကို ခဏတာ ေပ်ာ္ရႊင္ေစခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗုံးတွေ ဆက်တိုက်ကွဲနေချိန်မှာ အာဖဂန် ချာလီချက်ပလင်က ပြုံးပန်းဆင်ပြီး နေမယ်

ရယ်မောခြင်းက အားဆေး၊ ပေါ့ပါးသက်သာမှုနဲ့ နာကျင်မှုတွေကို ပြေပျောက်ဆေး ဖြစ်တယ်လို့ ချာလီ ချက်ပလင်က ၁၉၄၀ ခုနှစ်မှာ ပြောခဲ့ဖူးပါတယ်။

ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လို့ လူတွေ ထိတ်လန့်နေတဲ့ အာဖဂန် နစ္စတန်နိုင်ငံက ကာရင်အာဆာဟာ သူလေးစားရတဲ့ ချာလီချက်ပလင် လမ်းစဉ်ကို လိုက်နိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ ဒါက ရိုးရှင်းပါတယ်၊ အာဖဂန်တွေကို ပြုံးစေဖို့ လုပ်ဆောင်ပေးချင်ပါတယ်လို့ ကဘူးလ်မြို့က အာဖဂန် ချာလီချက်ပလင်လို့ လူသိများတဲ့ ဟာသလူရွှင်တော် ကာရင်အာဆာက ပြောပါတယ်။

ချာလီချက်ပလင် ပုံစံဝတ်ထားတဲ့ အသက် ၂၅ နှစ်အရွယ် အာဆာဟာ ငယ်စဉ်က မိဘတွေ အာဖဂန်နစ္စတန်ကနေ တာလီဘန်တွေကြောင့် ထွက်ပြေးစဉ် အီရန် ရုပ်သံမှာ ချာလီချက်ပလင်ကို မြင်ဖူးခဲ့ပါတယ်။ မိသားစုတွေ အာဖဂန်နစ္စတန်ကို ပြန်လာတဲ့အခါ သူဟာ အသေခံ ဗုံးခွဲမှုတွေလည်း မြင်ခဲ့ရဖူးပြီး မိဘတွေ သဘောမကျပေမယ့် သူဟာ ချာလီချက်ပလင်လို စတင် သရုပ်ဆောင်ခဲ့ပါတယ်။

တာလီဘန် သူပုန်တွေနဲ့ IS အစ္စလာမ် အကြမ်းဖက် အဖွဲ့တွေရဲ့ အသေခံဗုံးခွဲမှုတွေ ကြားမှာ အာဖဂန် ချာလီချက်ပလင်က လူတွေကို ခဏတာ ပျော်ရွှင်စေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)