တ႐ုတ္မွာ ရင္ျပင္အတြင္း လူအုပ္ထဲ ကားနဲဲဲဲ႔ဝင္တုိက္၊ လူ ၁၁ ဦး ေသဆံုး

0
260

တ႐ုတ္ႏုိင္ငံ ေတာင္ပိုင္းမွာ လူစည္ကားရာ ရင္ျပင္ထဲရွိ လူအုပ္အတြင္းကို ကားနဲ႔ဝင္တုိက္ခဲ့မႈေၾကာင့္ လူ ၁၁ ဦး ေသဆံုးသြားခဲ့ၿပီး ၄၆ ဦး ဒဏ္ရာရသြားခဲ့ပါတယ္။

ကားသမားဟာ မီ႐ွဴအီၿမိဳ႕ရွိ ရင္ျပင္က လူအုပ္ထဲကို ကားနဲ႔ဝင္တုိက္ခဲ့တာ ျဖစ္တယ္လုိ႔ ဟီနန္ျပည္နယ္ အစိုးရအဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ကားေမာင္းသမားဟာ ရာဇဝတ္မႈ မွတ္တမ္းရွိသူျဖစ္ၿပီး အခု ကားတုိက္မႈဟာ အၾကမ္းဖက္တုိက္ခုိက္မႈ ဟုတ္၊ မဟုတ္ဆုိတာ စံုစမ္းေနဆဲျဖစ္ပါတယ္။

႐ုပ္သံဖုိင္ မွတ္တမ္းေတြအရ ကားနဲ႔ လူအုပ္ထဲကို ဝင္တိုက္ခ်ိန္မွာ လူေတြဟာ ကစဥ့္ကလ်ား ထြက္ေျပးခဲ့ေၾကာင္း၊ ရင္ျပင္အတြင္း လူအုပ္မ်ားေနခ်ိန္မွာ ကားနဲ႔ တိုက္ခဲ့တာျဖစ္ၿပီး ကားတုိက္မႈကို စံုစမ္းေနဆဲျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်မှာ ရင်ပြင်အတွင်း လူအုပ်ထဲ ကားနဲ့ဝင်တိုက်၊ လူ ၁၁ ဦး သေဆုံး

တရုတ်နိုင်ငံ တောင်ပိုင်းမှာ လူစည်ကားရာ ရင်ပြင်ထဲရှိ လူအုပ်အတွင်းကို ကားနဲ့ဝင်တိုက်ခဲ့မှုကြောင့် လူ ၁၁ ဦး သေဆုံးသွားခဲ့ပြီး ၄၆ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

ကားသမားဟာ မီရှူအီမြို့ရှိ ရင်ပြင်က လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ ဟီနန်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကားမောင်းသမားဟာ ရာဇဝတ်မှု မှတ်တမ်းရှိသူဖြစ်ပြီး အခု ကားတိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်။

ရုပ်သံဖိုင် မှတ်တမ်းတွေအရ ကားနဲ့ လူအုပ်ထဲကို ဝင်တိုက်ချိန်မှာ လူတွေဟာ ကစဉ့်ကလျား ထွက်ပြေးခဲ့ကြောင်း၊ ရင်ပြင်အတွင်း လူအုပ်များနေချိန်မှာ ကားနဲ့ တိုက်ခဲ့တာဖြစ်ပြီး ကားတိုက်မှုကို စုံစမ်းနေဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)