ေရြးေကာက္ပြဲ စြက္ဖက္သူေတြကို အေရးယူမယ့္ဥပေဒ အေမရိကန္သမၼတ လက္မွတ္ထိုး

0
245

အေမရိကန္ႏိုင္ငံမွာ က်င္းပတဲ့ ေရြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္သူ တစ္ဦးခ်င္း ဒါမွမဟုတ္ ႏုိင္ငံေတြက တာဝန္ရွိသူေတြကို ပိတ္ဆုိ႔အေရးယူႏိုင္မယ့္ အမိန္႔တစ္ရပ္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က လက္မွတ္ ေရးထိုးလုိက္ပါတယ္။

အဲဒီ အမိန္႔အရ ေထာက္လွမ္းေရး အဖြဲ႔ေတြဟာ ေရြးေကာက္ပြဲကာလအတြင္း ဝါဒျဖန္႔ခ်ိမႈအပါအဝင္ စြက္ဖက္မႈလုပ္ဖုိ႔ ႀကိဳးပမ္းတာေတြကို ေစာင့္ၾကည္ရမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲကာလအတြင္း ႐ုရွားႏုိင္ငံက စြက္ဖက္မလုပ္ခဲ့တာကို အေမရိကန္သမၼတ တံု႔ျပန္ခ်က္နဲ႔ပတ္သက္လုိ႔ ျပစ္တင္ေဝဖန္မႈေတြရွိေနခ်ိန္မွာ အမိန္႔တစ္ရပ္ကုိ လက္မွတ္ထုိးခဲ့တာ ျဖစ္ပါတယ္။

အဲဒီ အမိန္႔ဟာ အေမရိကန္ႏိုင္ငံေရးကို ဝင္ေရာက္စြက္ဖက္လိုတဲ့ ျပည္ပႏုိင္ငံေတြရဲ႕ လုပ္ေဆာင္ခ်က္ကို တားဆီးဖုိ႔ အေကာင္းဆံုးျဖစ္တယ္လို႔ အေမရိကန္အမ်ိဳးသားလံုၿခံဳေရးအႀကံေပး ဂၽြန္ေဘာ္လ္တန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွေးကောက်ပွဲ စွက်ဖက်သူတွေကို အရေးယူမယ့်ဥပဒေ အမေရိကန်သမ္မတ လက်မှတ်ထိုး

အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်သူ တစ်ဦးချင်း ဒါမှမဟုတ် နိုင်ငံတွေက တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူနိုင်မယ့် အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ် ရေးထိုးလိုက်ပါတယ်။

အဲဒီ အမိန့်အရ ထောက်လှမ်းရေး အဖွဲ့တွေဟာ ရွေးကောက်ပွဲကာလအတွင်း ဝါဒဖြန့်ချိမှုအပါအဝင် စွက်ဖက်မှုလုပ်ဖို့ ကြိုးပမ်းတာတွေကို စောင့်ကြည်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း ရုရှားနိုင်ငံက စွက်ဖက်မလုပ်ခဲ့တာကို အမေရိကန်သမ္မတ တုံ့ပြန်ချက်နဲ့ပတ်သက်လို့ ပြစ်တင်ဝေဖန်မှုတွေရှိနေချိန်မှာ အမိန့်တစ်ရပ်ကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အမိန့်ဟာ အမေရိကန်နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်လိုတဲ့ ပြည်ပနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်ကို တားဆီးဖို့ အကောင်းဆုံးဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)