
0
216




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံနဲ့ စကားများရန်ဖြစ်ခဲ့ဖူးကြောင်း ဖိလစ်ပိုင်သမ္မတ ပြော

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းရှိ အငြင်းပွားမှုတွေ ရှိနေတဲ့ ဧရိယာအတွင်းက ဖိလစ်ပိုင် ရေတပ်သင်္ဘောတွေကို မောင်းထုတ်ဖို့ ကြိုးပမ်းခဲ့မှုကြောင့် တရုတ်နိုင်ငံနဲ့ စကားများ ရန်ဖြစ်ခဲ့မှုတွေ ရှိခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိပေမယ့် တရုတ်နိုင်ငံက ဖိလစ်ပိုင် ရေတပ်ဖွဲ့တွေဟာ ပြဿနာဖြစ်အောင် ဖန်တီးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတက တရုတ်နဲ့ ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ရှိနေချိန်မှာ တရုတ်တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ပြောခဲ့ပါတယ်။

အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေကို တရုတ်တပ်ဖွဲ့တွေက ပိုင်နက် အတွင်းကနေ ထွက်သွားဖို့ မောင်းထုတ်ခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)