
0
282




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်းကြေးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရုရှားထံက တူရကီ ဝယ်ယူဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်းကြေးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရုရှားထံက တူရကီ ဝယ်ယူ

တူရကီနိုင်ငံက ရုရှားနိုင်ငံကဆီကနေ လေကြောင်းရန် ကာကွယ်ရေးအတွက် S-400  လေယာဉ်ပစ် ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဝယ်ယူဖို့ စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

တူရကီနိုင်ငံဟာ အမေရိကန်ဒေါ်လာ  ၂ ဒသမ ၅ သန်းတန်ကြေးရှိ S-400 ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဝယ်ယူသွားမှာဖြစ်ပါတယ်။ တူရကီနိုင်ငံက ရုရှားနိုင်ငံဆီကနေ လက်နက်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး တူရကီရဲ့ မဟာမိတ်နိုင်ငံတွေက ဝေဖန်မှုတွေရှိနေပေမယ့် S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တူရကီနိုင်ငံu အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး အေးစက်မှုတွေရှိလာပြီးနောက် ရုရှားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ တစ်ခါပစ်ရင် ဒုံးကျည်နှစ်စင်း ပစ်နိုင်ပြီး အကွာအဝေး ၂၄၈ မိုင်အထိ ရောက်ရှိနိုင်ကာ ပစ်မှတ် ၈၀ ကို ပစ်မှတ်နိုင်စွမ်းရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)