
0
265




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်က မူလတန်းကျောင်းဆောင်တစ်ခုမီးလောင်

အမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ် တမ်ပါမှာ ရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်း မနေ့ စက်တင်ဘာလ ၁၂ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ကျွမ်းသွားခဲ့တဲ့ Robert E. Lee မူလတန်းကျောင်းကို ၁၉၀၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရှေးကျတဲ့ ကျောင်းအဆောက်အဦးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ကျောင်းအဆောက်အဦးရဲ့ အမိုးတစ် လျှောက်မီးလောင် ကျွမ်းနေပြီး မီးသတ်သမားတွေ ကြိုးစားကာမီးငြိမ်းသတ်နေကြပါတယ်။ အဲဒီလိုမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူ တစ်ယောက်မှာ မရှိဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ မီးလောင်ရတဲ့အကြောင်းအရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)