ဘရာဇီးကပို့တဲ့ အေးခဲကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ကြောင်း တရုတ်ပြော

0
1694

ဘရာဇီးနိုင်ငံကနေ ပို့လိုက်ပြီး တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်း ပြည်နယ်၊ ရှင်ကျန်ကို ရောက်ရှိလာတဲ့ အေးခဲကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး တွေ့ရှိရတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ဒီနေ့ သြဂုတ်လ ၁၃ ရက် မနက်ပိုင်းမှာ ပြောပါတယ်။

နမူနာထုတ်ပြီး စစ်ဆေးတဲ့ အေးခဲကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရတာပါ။ အခုလို တွေ့ရှိရပြီးတဲ့နောက် ကျန်းမာရေး တာဝန်ရှိသူတွေက ဒီတင်သွင်းလာတဲ့ ကုန်စည်တွေနဲ့ ထိတွေ့ခဲ့ဖွယ်ရှိသူတွေ အားလုံးကို အမြန်ဆုံး ခြေရာခံလိုက်ပြီး ဆေးစစ်နေတယ်လို့ ဒေသန္တရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကြက်တောင်ပံ ထုတ်ကုန်တွေနဲ့ ထိတွေ့ခဲ့သူတွေဟာ နျူကလီးရစ် အက်ဆစ် စစ်ဆေးမှု (NAT) ခံယူရမှာပါ။

စျေးကွက်ကို ရောက်ရှိသွားတဲ့ ဆက်စပ် တင်သွင်းကုန်တွေကိုလည်း ပြန်လည် သိမ်းဆည်းခိုင်းထားပြီး ရောင်းချပြီးသားတွေအတွက် ခြေရာခံလိုက်မှုကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။

အခုတွေ့ရှိမှု မတိုင်ခင်ကလည်း တရုတ်နိုင်ငံကို အီကွေဒေါနိုင်ငံကနေ တင်သွင်းလာတဲ့ ထုပ်ပိုးပြီး ပုဇွန်တွေမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး တွေ့ရှိခဲ့ရပါသေးတယ်။

တရုတပြှညမြကှီးမှာ COVID-19 ရောဂါ ဖှဈပှားသူ အတညပြှုလူနာ ၈၄၇၅၆ ဦး၊ ပှနလြညသြကသြာလာသူ ၇၉၃၉၈ ဦး၊ ရောဂါကှောင့ြ သဆေုံးသူ ၄၆၃၄ ဦး ရှိပါတယြ။

____________________

____________________

ဘရာဇီးကပို့တဲ့ အေးခဲကွကျတောငျပံတှမှော ကိုရိုနာဗိုငျးရပျဈတှေ့ကွောငျး တရုတျပွော

ဘရာဇီးနိုင်ငံကနေ ပို့လိုက်ပြီး တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်း ပြည်နယ်၊ ရှင်ကျန်ကို ရောက်ရှိလာတဲ့ အေးခဲကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး တွေ့ရှိရတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ဒီနေ့ သြဂုတ်လ ၁၃ ရက် မနက်ပိုင်းမှာ ပြောပါတယ်။

နမူနာထုတ်ပြီး စစ်ဆေးတဲ့ အေးခဲကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရတာပါ။ အခုလို တွေ့ရှိရပြီးတဲ့နောက် ကျန်းမာရေး တာဝန်ရှိသူတွေက ဒီတင်သွင်းလာတဲ့ ကုန်စည်တွေနဲ့ ထိတွေ့ခဲ့ဖွယ်ရှိသူတွေ အားလုံးကို အမြန်ဆုံး ခြေရာခံလိုက်ပြီး ဆေးစစ်နေတယ်လို့ ဒေသန္တရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကြက်တောင်ပံ ထုတ်ကုန်တွေနဲ့ ထိတွေ့ခဲ့သူတွေဟာ နျူကလီးရစ် အက်ဆစ် စစ်ဆေးမှု (NAT) ခံယူရမှာပါ။

ဈေးကွက်ကို ရောက်ရှိသွားတဲ့ ဆက်စပ် တင်သွင်းကုန်တွေကိုလည်း ပြန်လည် သိမ်းဆည်းခိုင်းထားပြီး ရောင်းချပြီးသားတွေအတွက် ခြေရာခံလိုက်မှုကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။

အခုတွေ့ရှိမှု မတိုင်ခင်ကလည်း တရုတ်နိုင်ငံကို အီကွေဒေါနိုင်ငံကနေ တင်သွင်းလာတဲ့ ထုပ်ပိုးပြီး ပုဇွန်တွေမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး တွေ့ရှိခဲ့ရပါသေးတယ်။

တရုတ်ပြည်မကြီးမှာ COVID-19 ရောဂါ ဖြစ်ပွားသူ အတည်ပြုလူနာ ၈၄၇၅၆ ဦး၊ ပြန်လည်သက်သာလာသူ ၇၉၃၉၈ ဦး၊ ရောဂါကြောင့် သေဆုံးသူ ၄၆၃၄ ဦး ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)