ရှေးဦး မိကျောင်းမျိုးစိတ်တစ်မျိုးက ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ကြောင်း တွေ့ရှိ

0
544

တောင်ကိုရီးယားနိုင်ငံမှာ တွေ့ရှိရတဲ့ အထောက်အထားသစ်တွေအရ ရှေးဦး မိချောင်းမျိုးစိတ် တစ်မျိုးဟာ ဒိုင်နိုဆောတွေလို ခြေနှစ်ဖက်ပေါ်မှာ အားပြု လမ်းလျှောက်တယ်လို့ သုံးသပ်ကြပါတယ်။

မိကျောင်းတွေနဲ့ ဆက်စပ်မျိုးစိတ်တွေဟာ ခေတ်သစ် ဒိုင်နိုဆော မျိုးစိတ်တွေလို့ ရည်ညွှန်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခတ် တချို့မိကျောင်းမျိုးစိတ်တွေဟာ ရှေးခေတ် မျိုးစိတ်တွေကို ထင်ဟပ်နေလို့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် သန်း ၁၁၀ က ကျောက်ပေါ်မှာ ထင်ကျန်နေတဲ့ ရှေးဦး မိကျောင်းမျိုးစိတ် တစ်ကောင်ရဲ့ ခြေရာ ၁၀၀ နီးပါးကို အခြေခံလေ့လာထားတဲ့ သုတေသနစာတမ်းတစ်စောင်ကို Scientific Reports မှာ ဖော်ပြခဲ့တာပါ။

ကနဦးမှာတော့ သုတေသီတွေက ဒီခြေရာတွေဟာ မတ်တပ်သွားတဲ့ ဒိုင်နိုဆော မျိုးစိတ်များစွာအနက်က တစ်မျိုးရဲ့ ခြေရာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒါဟာ ရှေ့ခြေတွေ မြေပေါ်ကို မချဘဲ သွားထားတဲ့ မိကျောင်းမျိုးစိတ်တစ်ခုရဲ့ ခြေရာဖြစ်ကြောင်း ယုံကြည်ခဲ့ကြပါတယ်။

အစကတော့ ခြေနှစ်ချောင်းသွား ပတီရိုဆောကြီး တစ်ကောင်ရဲ့ ခြေရာလို့ ထင်ခဲ့ကြကြောင်း၊ အခုတော့ ဒါဟာ ခြေနှစ်ချောင်းနဲ့သွားတဲ့ မိကျောင်းခြေရာလို့ နားလည်လာကြောင်း သုတေသန စာတမ်းကို ပူးတွဲရေးသားတဲ့ ဒေါက်တာ အန်တိုနီ ရိုမီလီယိုက ပြောပါတယ်။

ပုံမှနအြားဖှင့ြ မိခွောငြးတှကေ လေးဘကတြှားသှားဖှဈပှီး ခှလကေတြှကေို ကားပှီး သှားတတကြှောငြး၊ ထူးဆနြးစှာပဲ အခုတှေ့ရတဲ့ ခှရောတှဟော ကဉွြးမှောငြးနပှေီး ခှလှမြေးခပကြဉွြးကဉွြးပေါမြှာ ခွိနညြှိပှီး သှားနပေုံနဲ့တူကှောငြး သုတသနေကို ဦးဆောငသြူ ပါမောကျခ ကွောငဆြူးကငမြကြ ပှောပါတယြ။

___________________

___________________

ရှေးဦး မိကြောငျးမြိုးစိတျတဈမြိုးက ခွနှေဈခြောငျးနဲ့ လမျးလြှောကျကွောငျး တှေ့ရှိ  

တောင်ကိုရီးယားနိုင်ငံမှာ တွေ့ရှိရတဲ့ အထောက်အထားသစ်တွေအရ ရှေးဦး မိချောင်းမျိုးစိတ် တစ်မျိုးဟာ ဒိုင်နိုဆောတွေလို ခြေနှစ်ဖက်ပေါ်မှာ အားပြု လမ်းလျှောက်တယ်လို့ သုံးသပ်ကြပါတယ်။

မိကျောင်းတွေနဲ့ ဆက်စပ်မျိုးစိတ်တွေဟာ ခေတ်သစ် ဒိုင်နိုဆော မျိုးစိတ်တွေလို့ ရည်ညွှန်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခတ် တချို့မိကျောင်းမျိုးစိတ်တွေဟာ ရှေးခေတ် မျိုးစိတ်တွေကို ထင်ဟပ်နေလို့ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ် သန်း ၁၁၀ က ကျောက်ပေါ်မှာ ထင်ကျန်နေတဲ့ ရှေးဦး မိကျောင်းမျိုးစိတ် တစ်ကောင်ရဲ့ ခြေရာ ၁၀၀ နီးပါးကို အခြေခံလေ့လာထားတဲ့ သုတေသနစာတမ်းတစ်စောင်ကို Scientific Reports မှာ ဖော်ပြခဲ့တာပါ။

ကနဦးမှာတော့ သုတေသီတွေက ဒီခြေရာတွေဟာ မတ်တပ်သွားတဲ့ ဒိုင်နိုဆော မျိုးစိတ်များစွာအနက်က တစ်မျိုးရဲ့ ခြေရာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒါဟာ ရှေ့ခြေတွေ မြေပေါ်ကို မချဘဲ သွားထားတဲ့ မိကျောင်းမျိုးစိတ်တစ်ခုရဲ့ ခြေရာဖြစ်ကြောင်း ယုံကြည်ခဲ့ကြပါတယ်။

အစကတော့ ခြေနှစ်ချောင်းသွား ပတီရိုဆောကြီး တစ်ကောင်ရဲ့ ခြေရာလို့ ထင်ခဲ့ကြကြောင်း၊ အခုတော့ ဒါဟာ ခြေနှစ်ချောင်းနဲ့သွားတဲ့ မိကျောင်းခြေရာလို့ နားလည်လာကြောင်း သုတေသန စာတမ်းကို ပူးတွဲရေးသားတဲ့ ဒေါက်တာ အန်တိုနီ ရိုမီလီယိုက ပြောပါတယ်။

ပုံမှန်အားဖြင့် မိချောင်းတွေက လေးဘက်တွားသွားဖြစ်ပြီး ခြေလက်တွေကို ကားပြီး သွားတတ်ကြောင်း၊ ထူးဆန်းစွာပဲ အခုတွေ့ရတဲ့ ခြေရာတွေဟာ ကျဉ်းမြောင်းနေပြီး ခြေလှမ်းခပ်ကျဉ်းကျဉ်းပေါ်မှာ ချိန်ညှိပြီး သွားနေပုံနဲ့တူကြောင်း သုတေသနကို ဦးဆောင်သူ ပါမောက္ခ ကျောင်ဆူးကင်မ်က ပြောပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)