ဆန္ဒပြသူ ၁၅၀၀ ကျော်ကို ရုရှားအစိုးရ ဖမ်းဆီး

0
324

ရုရှားနိုင်ငံတ၀န်း မနေ့က ဇွန်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစိုးရဆန်ကျင့်ရေး ဆန္ဒပြပွဲအတွင်း ရုရှားအတိုက်ခံ နိုင်ငံရေးသမား နာဗယ်လ်နီကို ဖမ်းဆီးထောင်ချခဲ့သလို ဆန္ဒပြသူ ၁၅၀၀ကို ရုရှားလုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

အတိုက်ခံခေါင်းဆောင် နာဗယ်လ်နီဟာ အစိုးရရဲ့ အကျင့်ပျက် လာဘ်စားမှုတွေအပေါ် မတ်လ နောက်ပိုင်း ဒုတိယအကြိမ် အကြီးအကျယ် ဆန္ဒပြဖို့တောင်းဆိုခဲ့ပါတယ်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြမူနဲ့ ဆန္ဒပြခေါင်းဆောင်ကို ရက်ပေါင်း ၃၀ ကြာထောင်ချဖို့ မော်စကိုတရားရုံး တစ်ရုံးက အမိန့်ချခဲ့ပါတယ်။

ရုရှားလုံခြုံရေး ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်တွေနဲ့ ရိုက်နှက်မှုတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေက သမ္မတပူတင်ဟာ သူခိုးဖြစ်တယ်လို့ အော်ဟစ်ကြွေးကြော်ခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြပွဲမှာ ပါဝင်သူ ၁၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီ ဖမ်းဆီးခံရသူတွေထဲက ၈၂၃ ဦးကို မော်စကိုမြို့ ဆန္ဒပြပွဲမှာ ဖမ်းခဲ့တာဖြစ်ပါတယ်။

ရုရှားလုံခြုံရေး ရဲတွေဟာ ဆန္ဒပြသူတွေကို မြေပြင်မှာ တရွတ်တိုက် ဆွဲခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူအများစုဟာ လူငယ်တွေ ဖြစ်ပါတယ်။

မော်စကိုမြို့၊ ဆိုချီမြို့၊ စိန့်ပီတာဘရက်မြို့တွေ အပါဝင် ရုရှားနိုင်ငံမြို့တွေမှာ အစိုးရ ဆန်ကျင့်ရေး ဆန္ဒပြတာတွေ ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ရုရှားနိုင်ငံရဲ့ လုပ်ရပ်ဟာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်ပြီး ဖမ်းဆီးခံရသူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)