အသက် ၉၀ ကျော် အရွယ်မှာ နေ့စဉ် စက်ချုပ်နေတဲ့ အဘွားအို

0
277

ဗီယက်နမ်နိုင်ငံ၊ တေးနင့်ဒေသက အဘွားအိုတစ်ဦးဟာ တခြားအဘွားအိုတွေလို မဟုတ်ဘဲ အသက် အရွယ်ကြီးသည်အထိ ကိုယ်အားကိုယ်ကိုးပြီး နေ့စဉ်စက်ချုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေပါတယ်။

ဖန်တီမန့် အမည်ရှိ အဘွားအိုဟာ လက်ရှိမှာ အသက် ၉၀ ကျော်နေပေမယ့် သူမရဲ့ စားဝတ်နေရေးအတွက် အသက်အရွယ်နဲ့ မမျှအောင် နေစဉ်စက်ချုပ်တဲ့အလုပ်ကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

အဘွားအိုက ချုပ်မယ့် အ၀တ်အစားတွေ ကိုယ်တိုင်ပုံစံထုတ်ပြီး စက်ခုံမှာချုပ်လုပ်မှုတွေ လုပ်နေတာပါ၊

အဘွားအိုဟာ အရင်က တင့်တောင့်တင့်တယ် နေနိုင်ပေမယ့် သူမတို့နေထိုင်တဲ့ ဒေသကို ရေလွမ်းမှုတွေဖြစ်ပြီးနောက် ပိုင်ဆိုင်တဲ့အိမ်နဲ့ အခြားအရာတွေ ဆုံးရှုံးခဲ့ပါတယ်။

အဘွားအိုရဲ့ စက်ချုပ်သက်တမ်းဟာ နှစ်ပေါင်း ၅၀ ကျော်ရှိနေပပြီ။ အခုလိုမျိုး စက်ချုပ်ရတာဟာ အသက်ကြီးတဲ့ လူတွေအတွက် လေကျင့်ခန်းဖြစ်ပြီး သန်မာမှုတွေ ဖြစ်စေတယ်လို့ အသက် ၉၀ ကျော် အဘွားအိုက ပြောပါတယ်။

အဘွားအိုဟာ အ၀တ်အပိုင်းစတွေကို ဆက်ပြီး ချုပ်လုပ်မှုတွေ လည်းလုပ်ပါတယ်။ အဘွားအို စက်ချုပ် ရာမှာ အဆင်ပြေစေဖို့ လျှပ်စစ်ဓာတ်အားသုံး ချုပ်စက်တွေပေးပေမယ့် နှစ်သက်မှုမရှိဘဲ ခြေနင်းစက်ချုပ် စက်ကိုသာ လိုလားတယ်လို့ အဘွားအိုက ပြောပါတယ်။ အဘွားအိုမှာသားသမီး ၇ ဦး ရှိပေမယ်လည်း ထိရောက်တဲ့ ထောက်ပံ့မှုတွေ မလုပ်နိုင်တာကြောင့် အဘွားအိုဟာ ကိုယ်အားကိုယ်ကိုး အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)