ဘက်စကက်ဘော အကျော်အမော် ရော့ဒ်မန် မြောက်ကိုရီးယားကို သွားမယ်

0
249

အမေရိကန်နာမည်ကြီး ဘက်စကက်ဘာ ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်ဟာ မြောက်ကိုရီးယားနိုင်ငံကို အလည်ပတ်ခရီး ထပ်မံ သွားရောက်မှာ ဖြစ်ပါတယ်။

ဒင်းနစ်ရော့ဒ်မန်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ မိတ်တွေဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံကို အလည်ပတ်ခရီးတွေ သွားခဲ့ပါတယ်။

မြောက်ကိုရီယားနိုင်ငံကို အခု ထပ်မံသွားရောက်တာဟာ ပိတ်ထားတဲ့တံခါးတွေ ဖွင့်ဖို့ဖြစ်တယ်လို့ အမေရိကန် ဘက်စက်ဘော သမားဟောင်းက ပြောပါတယ်။ အမေရိကန်နိုင်ငံကတော့ ရော့ဒ်မန်ရဲ့ မြောက်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို သတိထားစောင့်ကြည်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုတွေရှိနေလို့ မြောက်ကိုရီးယားနိုင်ငံဆီ မသွားဖို့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက သတိပေးထားပါတယ်။

ရော့ဒ်မန်ဟာ မြောက်ကိုရီးယားကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ သွားရောက်ခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားနိုင်ငံဆီ ဘတ်စကက်ဘော အားကစားနည်းတွေ သယ်ဆောင်သွားနိုင်မယ်ဆိုရင် သူ့ရဲ့ရည် မှန်းချက်ကိုတွေ့ ရမယ်လို့ ရောဒ့်မန်က ပြောပါတယ်။

 

ရောဒ့်မန်ရဲ့ အခု မြောက်ကိုရီးခရီးစဉ်ကို လောင်းကစားကုမ္ပဏီတစ်ခုက အကုန်ကျခံပေးတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)