နိုင်ငံရေးသူလျှိုလို့ စွပ်စွဲခံနေရတဲ့ ပနားမား သမ္မတဟောင်းကို အမေရိကန်မှာ ဖမ်းမိ

0
230

နိုင်ငံရေးသူလျှိုလုပ်မှုနဲ့ ပနားမားနိုင်ငံက အလိုရှိနေသူ ၀ရမ်းပြေးသမ္မတဟောင်း ရီကာဒိုမာတီနယ်လီကို အမေရိကန်နိုင်ငံ၊ ဖရော်ရီဒါပြည်နယ်၊ မီယာမီမြို့အနီးမှာ တနင်္လာနေ့က အမေရိကန်အာဏာပိုင်တွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

တနင်္လာနေ့ ညနေခင်းမှာ နေအိမ်ပြင်ပကို ထွက်လာတဲ့ မစ္စတာရီကာဒိုကို အထိအခိုက်မရှိဘဲ အာဏာပိုင်တွေက ဖမ်းဆီးလိုက် နိုင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပနားမားနိုင်ငံရဲ့မေတ္တာရပ်ခံချက်အရ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်း ဖြင့် မစ္စတာရီကာဒိုကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ကလည်း မစ္စတာရီကာဒိုကို ဖမ်းဆီးဖို့အတွက် ပြီးခဲ့တဲ့ လအတွင်းက ထုတ်ပြန်ချက် ထုတ်ခဲ့ပါသေးတယ်။

၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်တွင်း သမ္မတတာဝန်ယူချိန်မှာ ပနားမားခေါင်းဆောင် မစ္စတာရီကာဒိုဟာ အများပြည်သူပိုင်ငွေတွေကို သုံးစွဲပြီး နိုင်ငံရေးပြိုင်ဘက် ၁၅၀ ကျော်ကို တရားမ၀င် စုံစမ်း ထောက်လှမ်းမှု တွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ မစ္စတာရီကာဒိုဟာ တရားဥပဒေစိုးမိုးမှုအရ တည်ဆဲဥပဒေအတိုင်း ခုခံကာကွယ်ခွင့်ရရှိမှာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အခြေခံအဆောက်အုံတွေ တည်ဆောက်မှုစန်းပွင့်ချိန်နဲ့ လက်တင်အမေရိကမှာ စီးပွားရေး ဖွံ့ဖြိုးမှုအမြန်ဆုံးဖြစ်ချိန်မှာ ပနားမားနိုင်ငံကို ဦးဆောင်ခွင့်ရခဲ့ပေမယ့် မစ္စတာရီကာဒိုရဲ့ အစိုးရဟာ အကျင့်ပျက် ခြစားမှုတွေ ရှိတယ်လို့စွပ်စွဲခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)