ဘင်္ဂလားဒေရှ့်မှာ မိုးသန်းထန်စွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ လူ ၄၃ ဦးသေဆုံး

0
294

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသန်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် ဒီကနေ့မှာ လူပေါင်း ၄၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ အတော်များများရှိခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

ဘင်္ဂလားဒေရှ့်အရှေ့တောင်ပိုင်းဘက်က တောင်ကုန်းပြိုကျခဲ့ပြီး သေဆုံးခဲ့သူ တွေရှိသလို ကျေးရွာတစ်ရွာမှာ သေဆုံးသူ ၁၀ ဦး နဲ့ တစ်ခြားနေရာအတော်များများမှာလည်း သေဆုံးခဲ့သူတွေရှိခဲ့တယ်လို့ ပြောပါတယ်။

နောက်ထပ်သေဆုံးခဲ့သူ ရှိမရှိကိုလည်း ထပ်မံရှာဖွေမှုတွေပြုလုပ်နေပြီး လူဦးရေထူတပ်လှတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ မုန်တိုင်း၊ရေကြီးမှု နဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုစတဲ့ ဘေးဒုက္ခတွေကို ခံစားနေရတာပဲ ဖြစ်ပါတယ်။

မိုရာမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့်လည်း ဘင်္ဂလားဒေရှ့်နိုင်ငံ အရှေ့တောင်ပိုင်းမှာ သေဆုံးသူ ၇ ဦး ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကည်း မြေပြိုမှုကြောင့် သေဆုံးခဲ့သူ ၁၃၀ လောက်ရှိခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)