၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပဖို့ မြောက်ကိုရီယားကို တောင်ကိုရီးယား သမ္မတ ဖိတ်ခေါ်

0
257

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဟာ ၂၀၃၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် အတူ ကျင်းပဖို့ မြောက်ကိုရီးယားနိုင်ငံကို ဖိတ်ခေါ်လိုက်ပါတယ်။

မွန်ဂျေအင်က ကမ္ဘာဖလား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ တွေဆုံဆွေးနွေးပြီးနောက် အခုလိုမျိုး မြောက်ကိုရီယားကို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာဖလားပြိုင်ပွဲ ပူးတွဲကျင်းပမှုဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား ငြိမ်းချမ်းရေး ဖြစ်ပေါ်အောင် ဖန်တီးပေးနိုင်မယ်လို့ တောင်ကိုရီးယား သမ္မတက ပြောပါတယ်။

တောင်ကိုရီးယားဟာ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဂျပန်နိုင်ငံနဲ့အတူ ပူးတွဲကျင်းပခဲ့ဖူးပါတယ်။ တောင်ကိုရီးယား သမ္မတက ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အိမ်နီးချင်း မြောက်ကိုရီးယားနဲ့ လွတ်လပ်ပွင်းလင်းစွာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားသမ္မတရဲ့ ကမ်းလှမ်းမှုကို တစ်စုံတရာ တုံပြန်တာ မရှိသေးပါဘူး။ တောင်ကိုရီးယားမှာ ၂၀၁၈ ခုနှစ် ဆောင်းရာသီ ကမာ့္ဘအိုလံပစ်ပြိုင်ပွဲ ကျင်းပမှာဖြစ်ပြီး အဲဒီပြိုင်ပွဲကို မြောက်ကိုရီးယားက ပါဝင်ယှဉ်ပြိုင်မယ်လို့ တောင်ကိုရီးယားနိုင်ငံက မျှော်လင့်နေပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပဖူးတဲ့ ၁၉၈၆ ခုနှစ် အာရှအားကစားပွဲ နဲ့ ၁၉၈၈ ခုနှစ်မှာ ကျင်းပတဲ့ ဆိုးလ် အိုလံပစ်ပွဲတော်တွေကို သပိတ်မှောက်ခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားဟာ လက်ရှိမှာ စစ်ရေးအင်အား တောင့်တင်းဖို့နဲ့ ဒုံးကျည်စမ်းသပ်မှုတွေ အများအပြား လုပ်ဆောင်ဖို့သာ ကြိုးပမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)