တရုတ်ကို အခွင့်ရေးပေးဖို့ ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေး ပနာမား ဖြတ်တောက်

0
302

ပနားမားနိုင်ငံဟာ တရုတ်နဲ့ ကုန်သွယ်မှု ပိုမိုကောင်းမွန်စေဖို့ ထိုင်ဝမ် နဲ့ နှစ်ပေါင်းများစွာ ကြာရှိနေခဲ့တဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ပြီး တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး အပြည့်အ၀ ထူထောင်သွားမှာ ဖြစ်ပါတယ်။

ပနားမား သမ္မတ ဂျွန်ကာလိုစ့် ဗာရီလာက  သူတို့နိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေးကို ပိုမိုမြှင့်တင် လုပ်ဆောင်သွားမှာဖြစ်ပြီး သံတမန်ဆက်ဆံရေးကို ထူထောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ပနားမား နိုင်ငံရဲ့ ဆုံးဖြတ်ချက်အပေါ် ထိုင်ဝမ် အစိုးရအဖွဲ့ ၀မ်းနည်းဒေါသဖြစ်လျက်ရှိနေပြီး  တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်သွားမှာ မဟုတ်ဘူးလို့ ထိုင်ဝမ်က ပြောပါတယ်။

ထိုင်ဝမ်နိုင်ငံအနေနဲ့ ပါနားမား နိုင်ငံရဲ့ အကူညီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေကို ချက်ချင်း ရပ်ဆိုင်းသွားမယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဒါဗစ်လီက ပြောပါတယ်။ ဒါ့အပြင် ထိုင်ဝမ်နိုင်ငံဟာ ပနားမားနိုင်ငံထဲက သံရုံးဝန်ထမ်းတွေနဲ့ နည်းပညာပိုင်းတာဝန် ထမ်းဆောင်နေသူတွေကို ပြန်လည် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပနားမားဟာ နှစ်ပေါင်းများစွာရှိနေတဲ့ သံတမန် ဆက်ဆံရေးကို လျစ်လျှူ ရှုလိုက်တာဖြစ်ပြီး ထိုင်ဝမ်နိုင်ငံအပေါ် အနိုင်ကျင့်တာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး ထူထောင်ထားတဲ့ နိုင်ငံပေါင်း ၂၀ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)