ကမ္ဘာကျော် အဆိုတော် ဘီယွန်စေး   အမြွာကိုယ်ဝန်ကို အိမ်မှာမွေးဖို့ စီစဉ်

0
214

ဟောလီဝုဒ်ရဲ့ နာမည်ကြီး စုံတွဲတစ်တွဲဖြစ်တဲ့ ဘီယွန်စေး နဲ့ ဂျေဇီ တို့ ဇနီးမောင်နှံဟာ ဘီယွန်စေးရဲ့ အမြွာကိုယ်ဝန်ကို ဆေးရုံမှာ မွေးမယ့်အစား အိမ်မှာသာ မွေးဖို့ ပြောင်းလဲစီစဉ်ခဲ့ပါတယ်။

ဘီယွန်စေးတို့ ဇနီးမောင်နှံဟာ ကလေးမွေးရာမှာ အဆင်ပြေစေဖို့ သူမတို့ရဲ့ အိမ်ကို ပေါင်  ၁ သန်း အကုန်ကျခံ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ကလေးငယ်ကို ထည့်ဖို့ ဖန်ပေါင်းချောင်တွေကို ၀ယ်ယူထားပြီး ဖြစ်တဲ့အပြင် ဆေးပညာရှင် အဖွဲ့တစ်ဖွဲကိုလည်း ငှားရမ်းထားပြီး ဖြစ်ပါတယ်။

ဘီယွန်စေးက အမြွာပူးလေးတွေကို အိမ်မှာမွေးဖို့နဲ့ ဘေးကင်းစေဖို့ ဆရာဝန်တွေ နဲ့ တိုင်ပင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဘီယွန်စေးက ပြောပါတယ်။

အရေးပေါ်လိုအပ်ချိန်မှာ မိခင်ရော ကလေးငယ်တွေအတွက်ပါ ဆေးရုံကို အမြန်ဆုံးသွားနိုင်ဖို့ လူနာတင်ကားကိုလည်း စီစဉ်ထားပါတယ်။

ဘီယွန်စေးက အမြွာကိုယ်ဝန်ကို အိမ်မှာမွေးတာဟာ သူမအတွက် လွတ်လပ်မှုတွေ ဖြစ်စေတယ်လို့ ပြောပါတယ်။ ဘီယွန်စေးဟာ သူမရဲ့အမြွာကိုယ်ဝန်ကို အခု သီတင်းပတ်အတွင်း မွေးဖွားနိုင်ဖို့ မျှော်လင့်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)