ဒုံးကျည်ကာကွယ်ရေးစနစ်ကို မြောက်ကိုရီယားက မောင်းသူမဲ့လေယာဉ်နဲ့ ထောက်လှမ်း

0
280

တောင်ကိုရီယားနိုင်ငံရှိ အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ် THAAD ကို မြောက်ကိုရီယားနိုင်ငံပိုင်လို့ ယူဆရတဲ့ စပိုင် မောင်းသူမဲ့လေယာဉ်နဲ့ ဓာတ်ပုံ ရိုက်ကူး ထောက်လှမ်းခဲ့တယ်လို့ တောင်ကိုရီယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီ စပိုင် မောင်းသူမဲ့ လေယာဉ်ဟာ ဓာတ်ပုံရိုက်ကူးပြီး မြောက်ကိုရီယားနိုင်ငံဘက်ကို ပျံသန်းချိန်မှာ ပျက်ကျသွားခဲ့ပါတယ်။

အမေရိကန် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံ ၁၀ ပုံကို ပျက်ကျခဲ့တဲ့ မောင်းသူမဲ့ လေယာဉ် ကင်မရာမှာ ရှာတွေခဲ့တယ်လို့ တောင်ကိုရီယား စစ်ဘက်ကပြောပါတယ်။

ပျက်ကျခဲ့တဲ့ မောင်းသူမဲ့လေယာဉ်ကို မြောက်ကိုရီယား နယ်စပ်အနီး တောထဲမှာ ရှာဖွေတွေရှိခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ THAAD ဒုံးကျည်ကာကွယ်ရေး စနစ်ကို မြောက် ကိုရီယား နယ်စပ်ဒေကနေ ၁၁၅ မိုင် အကွာ ဆီအွန်ဂျူ ဒေသမှာ ဖြန်ကြက်ချထားတာဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ ဒုံးကျည် ပစ်ခတ် စမ်းသပ် ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် တောင်ကိုရီးယားနိုင်ငံဟာ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန်ကြက်ချထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)