လစာဝင်ငွေ အများဆုံးရတဲ့ ကမာ့္ဘဖျော်ဖြေသူတွေထဲမှာ စီရော်နယ်ဒို  အဆင့် ၅ ရှိ

0
271

ရီးရဲမက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ လစာဝင်ငွေ အများဆုံးရနေတဲ့ ကမ္ဘာဖျော်ဖြေ တင်ဆက်သူတွေအနက် အဆင့် ၅  နေရာမှာ ရှိနေတယ်လို့ ဖော့ဘ်စ်မဂ္ဂဇင်း ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖော့ဘ်စ် မဂ္ဂဇင်းဟာ လစာဝင်ငွေ အများဆုံးရတဲ့ ဖျော်ဖြေတင်ဆက်နေသူ ပေါင်း ၁၀၀ စာရင်းကို နှစ်စဉ် စာရင်း ထုတ်ပြန်ပါတယ်။

စီရော်နယ်ဒိုဟာ ပေါင် ၇၃  ဒသမ ၂ သန်းနဲ့ လစာဝင်ငွေ အများဆုံးရတဲ့ ကမာ့္ဘဖျော်ဖြေတင်ဆက်သူ စာရင်းမှာအဆင့် ၅ နေရာမှာ ရှိနေခဲ့ပြီး ကမ္ဘာ့ အားကစားသမားတွေထဲမှာတော့ အဆင့် ၁  နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရီးရဲမက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြင့်လိုက်တာက လစာ အမြင့်ဆုံးရတဲ့ ဖျော်ဖြေတင်ဆက်သူ ၁၀ ဦးထဲ ပါဝင်ဖို့ အထောက်ကူဖြစ်စေခဲ့ပါတယ်။

ပေါ်တူဂီ ကစားသမား စီရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ် အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၆၅၀၀၀ ရနေပြီး ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။

လစာဝင်ငွေ အများဆုံးရတဲ့ ဖျော်ဖြေတင်ဆက်သူ စာရင်းမှာ အမေရိကန် ရက်ပါ ရှိန်း ဒက်ဒီ ကုမ့်ဘ်က ပေါင် ၁၀၂ သန်းနဲ့ အဆင့် ၁ နေရာမှာရှိနေခဲ့ပြီး အမေရိကန်နာမည်ကြီး အဆိုတော် ဘီယွန်စေးက ၈၂ ဒသမ ၇ သန်းနဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)