တောင်ကိုရီယား ယွန်စီ တက္ကသိုလ်မှာ ပါဆယ်ဗုံးပေါက်

0
248

တောင်ကိုရီယား ယွန်စီ တက္ကသိုလ်မှာ ဒီနေ့ ဇွန်လ ၁၃ ရက်နေ့က ပါဆယ်ဗုံးပေါက်ကွဲခဲ့လို့ တက္ကသိုလ် ပါမောက္ခတစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ကင်အမည်ရှိ ပါမောက္ခဟာ လည်ပင်း၊ ၀မ်းဗိုက်နဲ့ လက်တို့မှာ အသေးစား ဒဏ်ရာတွေ ရခဲ့ပါတယ်။

တောင်ကိုရီယား ရဲတပ်ဖွဲနဲ့ မီးသတ်သမားတွေဟာ ဗုံးပေါက်ကွဲတဲ့ တက္ကသိုလ် အဆောက်အဦးကို သွားရောက်ခဲ့ပြီး စစ်ဘက်ဗုံးရှာရေး အဖွဲ့တွေဟာလည်း ဗုံးပေါက်ကွဲရာနေရမှာ ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ ပါမောက္ခက ကင်က တံခါးလက်ကိုင်ဘုမှာ ချိတ်ဆွဲထားတဲ့ အိတ်ကို တွေရှိပြီးနောက် အိတ်ကနေ ရုတ်တရက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကင်က  ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် တက္ကသိုလ်ကျောင်းသားတွေ နဲ့ တခြားဝန်ထမ်းတွေကတော့ ထိခိုက်မှု မရှိဘူးဘူးလို့ မီးသတ်သမားတစ်ဦးက ပြောပါတယ်။ တောင်ကိုရီယားရဲများက  လက်ရှိအချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်တဲ့ အကြောင်းကို စုံစမ်းနေပြီး အကြမ်းဖက် တိုက်ခိုက်မူ ဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)