ဆိုက်ဘာ တိုက်ခိုက်မှုပရိုဂရမ် နိုင်ငံများစွာကို ပျံ့နှံနေ

0
335

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက ဖန်တီးခဲ့တယ်လို့ ယုံကြည်ရတဲ့ အစုအပြုံလိုက် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပရိုဂရမ်တစ်ခုဟာ ကမ္ဘာ့နိုင်ငံပေါင်း ၉၉ နိုင်ငံမှာ ပျံ့နှံနေကြောင်း သိရှိရပါတယ်။

အဆိုပါ ပရိုဂရမ်ကို ၀ါနာခရိုင်းလို့ အမည်ပေးထားပြီး ကွန်ပျူတာကို ပြန်ပေးဆွဲတဲ့ လုပ်ဆောင်ချက်မျိုး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ဒေသတွေက ကွန်ပျူတာတွေဟာ ပိတ်ဆို့ခံလိုက်ရပြီး ဒေါ်လာ သုံးရာခန့်တန်တဲ့ ဘစ်ကွိုင် (အွန်လိုင်းသုံးပိုက်ဆံ) ကိုတောင်းဆိုနေတာ တွေ့ကြုံနေကြရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက အရိပ်ပွဲစားလို့ လူသိများတဲ့ ဟတ်ကာတစ်ဦးက အဆိုပါ ပရိုဂရမ်ကိုခိုးယူခဲ့ပြီး အွန်လိုင်းမှာ ဖြန့်ခဲ့တာ ဖြစ်ပါတယ်။

မိုက်ခရိုဆော့ကုမ္ပဏီက မတ်လအတွင်းမှာ အားနည်းချက်တွေကို ပြင်ဆင်တဲ့ဝန်ဆောင်မှုတစ်ခု တင်ပေးခဲ့ပေမယ့်လည်း ကွန် ပြုတာစနစ်အတော်များများက update မလုပ်ခဲ့ကြပါဘူး။

ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ စပိန်၊ အီတလီနဲ့ တိုင်ဝမ်နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း ၉၉နိုင်ငံမှာ အဆိုပါ နည်းပညာဆိုင် ရာ ပြဿနာကို ကြုံနေကြရပါတယ်။

ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Avast က ၀ါနာခရိုင်း အမည်နဲ့ ဒါမှမဟုတ်အမည်ခွဲတွေနဲ့ ကွန်ပြုတာပြန်ပေးဆွဲမှု ဖြစ်စဉ်ပေါင်း ၇ သောင်းခွဲခန့်ကို တကမ္ဘာလုံးမှာ တွေ့ရှိရကြောင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဆက်စပ်မှုတွေရှိပေမယ့်လည်း ပစ်မှတ်တစ်ခုတည်းကို ရည်ရွယ်တိုက်ခိုက်တာမျိုးတော့ မဟုတ်ကြောင်း သု တေသီတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)