ဗင်နီဇွဲလား သမ္မတကို အဘိုးအဘွားတွေပါ ကန့်ကွက် ဆန္ဒပြကြပြီ

0
254

စီးပွားပျက်ကပ်ဆိုက်ပြီး အထွေထွေကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ထောင်နဲ့ချီတဲ့ သက်ကြီးရွယ်အိုတွေ ကပါ သမ္မတမာဒူရိုကို ကာရာကတ်စ်မြို့မှာ လမ်းပေါ်တက် ကန့်ကွက်ဆန္ဒပြခဲ့ကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက ငရုတ်ကောင်းမှုန့် ဗူးတွေပါ အသုံးပြုပြီး လူစုခွဲခဲ့ရပါတယ်။

ဗင်နီဇွဲလားမြို့တော်မှာ ရဲတပ်ဖွဲ့က အဓိကလမ်းမတွေကို ပိတ်ဆို့ပြီး ငရုတ်ကောင်းမှုန့်ပတ်ဖြန်းတဲ့ဗူးတွေသုံးပြီး လူစုခွဲခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးစနစ် ၀ရုန်းသုန်းကားဖြစ်နေတာကြောင့် သက်ကြီးရွယ်အိုတွေ ပိုပြီး ထိခိုက်မှုဖြစ်စေတယ်လို့ ဗင်နီဇွဲလားပြည်သူအများစုက မြင်ကြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ မိခင်လောင်းနဲ့ ကလေးငယ်သေဆုံးမှု သိသိသာသာမြင့်တက်ခဲ့တယ်ဆိုတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ပြန်ခဲ့တဲ့နောက်မှာ ကျန်းမာရေးဝန်ကြီးကို သမ္မတမာဒူရိုက တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။
ဆန္ဒပြအဘိုးအဘွားတွေက “ သက်ကြီးရွယ်အိုတွေကို လေးစားပါ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် ခြောက်ပတ်ခန့်က စတင်ခဲ့တဲ့ ဗင်နီဇွဲလား ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၃၉ ဦးသေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က အတိုက်အခံတွေ စိုးမိုးထားတဲ့ အမျိုးသားညီလာခံကို သမ္မတက ချုပ်ကိုင်နိုင်ဖို့ တရားရုံးကနေတစ်ဆင့် ကြိုးစားချိန်မှာ ပြည်သူတွေရဲ့ အထွေထွေ မကျေနပ်ချက်က စတင်ပေါက်ကွဲခဲ့ပြီး လမ်းပေါ်တက်ဆန္ဒပြကန့်ကွက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ မာဒူရိုရဲ့သက်တမ်းက လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ ပြည့်မှာဖြစ်ပေမယ့် ပြည်သူတွေက မာဒူရိုကို အခုချက်ချင်း သမ္မတနေရာကနေ ဖယ်ရှားချင်နေကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)