အမျိုးသမီးတစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုကြောင့် တောင်အာဖရိက တုန်လှုပ်

0
249

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုနူန်း မြင့်မားနေတဲ့ တောင်အာဖရိကနိုင်ငံမှာ အများပြည်သူတို့ကို တုန်လှုပ်သွားစေခဲ့တဲ့ ကာ ရာဘိုမိုကိုနီယာကို သူမရဲ့ရည်စားလို့ ယူဆရသူက သတ်ဖြတ်မှုကို ဂျိုဟန်နက်စ်ဘတ်ဂ် မြို့က တရားရုံးတစ်ခုကနေ အရေးယူမှု စတင်နေပြီ ဖြစ်ပါတယ်။

အဆိုပါတရားကြားနာမှုကို မိုကိုနီယာရဲ့မိခင်ဖြစ်သူက မျက်ရည်စက်လက်နဲ့ လာရောက်ခဲ့ပါတယ်။ အဆိုပါအမှုကြောင့် တောင် အာဖရိကနိုင်ငံမှာ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုအန္တရာယ်မြင့်မားနေမှုကို အပြင်းအထန် ဆွေးနွေးငြင်းခုန်စရာဖြစ် ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ တရားခံကို နောက်ဆုံးစီရင်ချက်ချမှတ်မယ့် မေလ ၂၄ ရက်မတိုင်မီအထိ ချုပ်နှောင်ထားပါတယ်။
ပြင်းထန်စွာ မီးလောင်းကျွမ်းခဲ့ရတဲ့ အမျိုးသမီးရဲ့ကိုယ်ခန္ဓာကနေ ဒီအန်အေရရှိဖို့အတွက် ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဓမ္မပြုကျင့်မှုနဲ့ အမျိုးသမီးတွေ သတ်ဖြတ်ခံရမှု အမြင့်မားဆုံးနိုင်ငံတွေထဲမှာ အပါအ ၀င်ဖြစ်ပါတယ်။

နှစ်စဉ်မုဒိန်းမှု ၄ သောင်းခန့် ပုံမှန်ဖြစ်ပွားနေပြီး တရားဝင်ကိန်းဂဏန်းဖော်ပြချက်တွေဟာ အမှန်တကယ်ဖြစ်ပွားနေတဲ့နူန်းအောက် အများကြီးလျော့ကျနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)