မက္ကဆီကိုနိုင်ငံက အမဲသားတင်ပို့သူများ အစ္စလာမ်နိုင်ငံများကို ပစ်မှတ်ထားလာ

0
326

အမေရိကန်နိုင်ငံကို  တင်ပိုရောင်းနေတဲ့  မက္ကဆီကို  နိုင်ငံက အမဲသားတင်ပို့သူတွေဟာ အမေရိကန်ဘက်က အ၀ယ်လျော့နည်းလာတဲ့  အတွက်ကြောင့်  အစ္စလာမ်လူမျိုးတွေအများဆုံးရှိတဲ့ အရှေ့အလယ်ပိုင်း ဒေသဆီကို တင်ပို့ရောင်းချဖို့ ဈေးကွက်ရှာလာကြပါတယ်။

ပြီးခဲ့တဲ့ နှစ်က အမေရိကန်နိုင်ငံဟာ အမဲသား ၉၄ ရာခိုင်နှုန်း ၊ ၁.၆ ဘီလီယမ်နီးပါး ၀ယ်ယူခဲ့ပေမဲ့ သမ္မတအသစ်လက်ထက်အတွင်း  နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပွဲတွေကြောင့် ၀ယ်ယူမှုအားတွေ လျော့ကြလာပါတယ်။

အမေရိကန် အနေနဲ့ မက္ကဆီကို ၊ ကနေဒါ  နိုင်ငံတို့နဲ့ ကုန်သွယ်မှုစည်းမျဉ်းတွေ ပြန်လည်ရေးဆွဲဖို့ ပြင်ဆင်ခဲ့ပြီး မြောက်အမေရိက သုံးနိုင်ငံ နဲ့ မက္ကဆီကို အမဲသားတင်ပို့သူတွေကြား လွတ်လပ်စွာကုန်သွယ်ခွင့်ရရှိဖို့ လိုလားခဲ့ကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အစ္စလာမ်ဥပဒေနဲ့ ကိုက်ညီမဲ့အမဲသား လည်လှီးသားတွေကို အရှေ့အလယ်ပိုင်းနိုင်ငံ တွေဆီကို တင်ပို့ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ မက္ကဆီကို နိုင်ငံဟာ အမဲသားတင်ပို့ရောင်းချတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့နံပါတ် ၆ နေရာမှာ ရှိနေတာပါ။

အခု၂၀၁၇ ခုနှစ်မှာ အမဲသား တန်ပေါင်း ၅၀၀၀ တန် တင်ပို့နိုင်သွားမှာဖြစ်ပြီး လာမဲ့ ၂၀၁၈ ခုနှစ်အဆုံးသတ်အထိ အမဲသား တန်ချိန်ပေါင်း ၂၀၀၀၀ နီးပါး အရှေအလယ်ပိုင်းနိုင်ငံတွေကို  တင်ပို့သွားမှာဖြစ်တယ်လို့ မက္ကဆီကို တိရစ္ဆာန်မွေးမြူရေးအသင်း( AMEG) ရဲ့ ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)