အမေရိကန်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်လာတော့မဲ့ တရုတ်

0
285

လွန်ခဲ့တဲ့ ၂ လကျော်အတွင်းက  တရုတ်နိုင်ငံကို  တင်ပို့နေတဲ့ ဘရာဇီးအမဲသားတွေဟာ လတ်ဆတ်မှု မရှိတဲ့ အတွက်  တရုတ်က တင်သွင်းမှုပိတ်ပင်ခဲ့ပါတယ်။  

အဲ့ဒီလိုဖြစ်ပြီးနောက်  အမေရိကန်နဲ့ သဘောတူညီမှုရယူဖို့အတွက်   တရုတ်ဘက်က အမေရိကန်ရဲ့  အမဲသားတင်သွင်းမှု  ပိတ်ပင်ထားတာကို  ရုတ်သိမ်းပေးသွားမှာ  ဖြစ်ပြီး   အမေရိကန်ဘက်က  သဘာဝဓါတ်ငွေ့  တင်ပို့ ရောင်းချမှုတို့ကို  လက်ခံပေးသွားမှာ သဘောတူခဲ့ကြပါတယ်။  

နောက်ထပ်လည်း   တရုတ်နိုင်ငံကနေ ထုတ်လုပ်တဲ့  ကြက်သားကို  အမေရိကန်ဈေးကွက်ကို တင်ပို့ရောင်းချုဖို့နဲ့  တရုတ်ဘဏ်တွေ   အမေရိကမှာ    ၀င်ရောက်ထိုးဖောက်နိုင်ဖို့ကိုလည်း  ဆွေးနွေးခဲ့ကြပါတယ်။

အခုလက်ရှိ   တရုတ်နိုင်ငံနဲ့ကုန်သွယ်မှုတိုးမြှင့်လာတဲ့အပေါ်   လာမဲ့ ၂၀၁၇ အကုန် မှာ တစ်ချို့ အချက်အလက်တွေကို     လျော့ချသင့်ကြောင်း နဲ့  အမေရိကန် ဘက်က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်မယ် ဆိုရင် ဘဏ်လုပ်ငန်းတွေမှာ ပါဝင်လာနိုင်မှာဖြစ် တယ်လို့ အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး  ၀ီလ်ဘာ့ရောစ့်က   ပြောပါတယ်။

အဲ့ဒီသဘောတူညီမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံအပြီး ရက်တစ်ရာအကြာမှာ  သဘောတူညီမှုရရှိခဲ့ကြတာပါပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)