မိမိကိုယ်ကို သေကြောင်းကြံစည်သူ အမျိုးသမီးကို မီးရထားဝန်ထမ်းကယ်ဆယ်

0
278

တရုတ်နိုင်ငံ  ဖူနယ်ပြည်နယ်မှာ   ပြီးခဲ့တဲ့မေလ  ၁၁ ရက်နေ့က  မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးစားခဲ့ တဲ့ အမျိုးသမီးတစ်ဦးကို  မီးရထားဝန်ထမ်း  က  ကယ်တင်နိုင်ခဲ့ပါတယ်။

အခင်းမဖြစ်ပွားခင် အဲ့ဒီအမျိုးသမီးဟာ မီးရထားသံလမ်းဘေး  ပလက်ဖောင်းပေါ်မှာ  ရပ်စောင့်နေခဲ့ပြီး ရထားမောင်းလာတဲ့အချိန်မှာ ရုတ်တရက် မီးရထားသံလမ်းပေါ်ကို  ခုန်ချခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ အသက် ၅၄ နှစ်အရွယ်ရှိတဲ့ မီးရထားဝန်ထမ်းဟာ  သူမရဲ့လက်မောင်းကိုလှမ်းဆွဲကာ ပလက်ဖောင်းပေါ်ဆွဲ တင်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ  ဒဏ်ရာအနည်းငယ်  ရရှိခဲ့တဲ့  သူမကို  ဆေးရုံကို  ပို့ဆောင်ပေးထားပြီး ကယ်တင်ခဲ့တဲ့ မီးရထားဝန်ထမ်းကိုလည်း ယွမ်ငွေ ၆၀၀၀ ကျော်ဆုငွေ ပေးအပ်ခဲ့တယ်လို့ မီးရထားရုံးချုပ်ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)