အီသီယိုးပီးယား အမှိုက်ပုံကြီး ပြိုကျမှု ၄၈ ဦးသေ

0
319

အီသီယိုးပီးယားနိုင်ငံ၊ မြို့တော် အက်ဒစ် အဘာဘာရဲ့ ဆင်ခြေဖုံးမှာ ကြီးမားလှတဲ့ အမှိုက်ပုံကြီး ပြိုကျတဲ့အတွက် ၄၈ ဦး သေဆုံးသွားပါတယ်။

သက်တမ်း နှစ် ၅၀ ကြာရှိပြီ ဖြစ်တဲ့ အမှိုက်ပုံကြီးမှာ အမှိုက်တွေကောက်ပြီး အမှီပြုနေထိုင်သူ ရာနဲ့ချီရှိတဲ့အနက် အမှိုက်ပုံကြီး ပြိုကျရာမှာ ၄၈ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၅ ဦး ပါဝင်ပါတယ်။

မတ်လ ၁၁ ရက်နေ့က ပြိုကျခဲ့တဲ့ အမှိုက်ပုံကြီးအောက်မှာ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေတုန်းဖြစ်ပါတယ်။ အမှိုက်ပုံကြီး ပြိုကျရာမှာ ဒဏ်ရာရသွားတဲ့ ၂၈ ယောက်ကိုလည်း ဆေးရုံတင်ထားရပါတယ်။

အမှိုက်ပုံကြီး ထပ်မံ ပြိုကျမှာ စိုးတဲ့အတွက် မှီတင်းနေထိုင်သူ အားလုံးကို လူငယ်စင်တာမှာ ရွှေ့ပြောင်းထားတယ်လို့ မြို့တော် ပြောခွင့်ရ ပုဂ္ဂိုလ် အမာရီ မယ်ကိုနင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)