မိုဆူးလ်မြို့မှာ ပိတ်မိနေတဲ့ အိုင်အက်စ်မှန်သမျှ အသတ်ခံရမှာ ဖြစ်ကြောင်း အမေရိကန်ပြော

0
343

အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မိုဆူးလ်မြို့ကို ၂၀၁၄ ခုနှစ်ကတည်းက သိမ်းပိုက်ခဲ့တဲ့ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ အိုင်အက်စ်တွေဟာ မြို့တွင်းမှာ ပိတ်မိနေပြီး အားလုံးသုတ်သင် ချေမှုန်းခံရမှာ ဖြစ်ကြောင်း အမေရိကန် ထိပ်တန်းအရာရှိ ဘရက်မက်ဂူရက်ခ်က ပြောကြား လိုက်ပါတယ်။

အဆိုပါမြို့ပြင်ကို ထွက်တဲ့လမ်းမှန်သမျှကို အမေရိကန် နောက်ခံပြုထားတဲ့ အီရတ်စစ်တပ်က ပိတ်ဆို့ထားတာကြောင့် အခုလို မြို့တွင်းမှ ပိတ်မိနေတာဖြစ်ပါတယ်။ မိုဆူးလ်မြို့ရဲ့ ဧရိယာအတော်များများကို လနဲ့ချီတဲ့တိုက်ပွဲအတွင်းမှာ အီရတ်တပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မိုဆူးလ်မြို့ အရှေ့ပိုင်းဒေသကြီး တစ်ခုလုံးကို အီရတ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်ရဲ့ကူညီပံ့ပိုးမှုနဲ့ပြုလုပ်တဲ့ အီရတ်စစ်ဆင်ရေးတပ်ဖွဲ့ဟာ မြို့အနောက်ဘက်က ကျော်ကြားလှတဲ့ မိုဆူးလ်ပြတိုက်နဲ့ အစိုးရရုံးချုပ် အတော်များများအပါအ၀င် အဓိကနေရာတွေကို အကြမ်းဖက်အဖွဲ့ရဲ့စိုးမိုးထားမှုကနေ ဖယ်ရှားနိုင်ခဲ့ပါတယ်။

ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မစ္စတာဘရက်မက်ဂူရက်ခ်က “ မနေ့ညက အီရတ်တပ်မ ၉ က မိုဆူးလ်ကနေ ထွက်တဲ့ လမ်းမကြီးတွေ အကုန်လုံးကို ပိတ်ဆို့ထားနိုင်ခဲ့တယ်။ မိုဆူးလ်မှာ ကျန်နေတဲ့ အိုင်အက်စ်မှန်သမျှ အသေသတ်ခံရမှာပဲ၊ မိုဆူးလ်မြို့မှာ အနိုင်ရရုံလောက်တိုက်တာ မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေကို အလွတ်မပေးဘဲ ချေမှုန်းသွားမှာပါ” လို့ ပြော ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)