တိုင်းပြည်အငတ်ဘေး ကြုံနေချိန် တောင်ဆူဒန်အစိုးရ ဗီဇာကြေးတိုးပြီး အမြတ်ထုတ်ဖို့ ကြံစည်

0
315

ပြည်တွင်းပဋိပက္ခကြောင့် ပြည်သူအများအပြား အငတ်ဘေးကြုံနေချိန်မှာ တောင်ဆူဒန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာကြေးကို ဆယ်ဆတိုးမြှင့်မယ်လို့ ကြေညာလိုက်တာကြောင့် ထောက်ပံ့ကူညီပေးရေး အုပ်စုတွေက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

တောင်ဆူဒန်နိုင်ငံအတွင်းမှာ ပြည်သူတွေဟာ နှစ်နဲ့ချီပြီး ရာဇ၀တ်မှုတွေကို ခံစားနေရချိန်မှာ အစိုးရက နိုင်ငံခြားသားတွေ အလုပ်ပါမစ်ဗီဇာအတွက် ယခင် ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၁၀၀၀ အဖြစ် ပြောင်းလဲသတ်မှတ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် အဆိုပါတိုင်းပြည်အတွင်း ထောက်ပံ့ကူညီ ရေးလုပ်ငန်းတွေ သွားရောက် လုပ်ဆောင်ပေးနေတဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေက ဝေဖန်ပြစ်တင် လိုက်တာဖြစ်ပါတယ်။

သုံးနှစ်ကြာခဲ့တဲ့ တောင်ဆူဒန် စစ်ပွဲကြောင့် အငတ်ဘေးဆိုက်နေတဲ့ တိုင်းသူပြည်သားတွေကို ထောက်ပံ့ကျွေးမွေးနေတဲ့ ထောက် ပံ့ကူညီရေး ၀န်ထမ်းတွေဟာ အလုပ်လုပ်ခွင့်ပါမစ်မရဘဲနဲ့ တောင်ဆူဒန်နိုင်ငံမှာ ကူညီရေးလုပ်ငန်းတွေ ဆက်လက်လည် ပတ်အောင် မလုပ်နိုင်တော့ပါဘူး။

သမ္မတဆာလ်ဗာကီရာနဲ့ သူရဲ့လက်ထောက်ဟောင်း ရီခ်မာချာတို့ကြားက အကွဲအပြဲဇာတ်လမ်းက တိုင်းပြည်မှာ လူမျိုးစုအလိုက် ပဋိပက္ခတွေကို စတင်စေခဲ့တာဖြစ်ပါတယ်။ နှစ်ဘက်စလုံးက အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို ကျုးလွန်ခဲ့ကြပြီး အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက တောင်ဆူဒန်ဆိုင်ရာ ကုလလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက တိုင်းပြည်ဟာ လူမျိုး စုအလိုက် ပြည်တွင်းစစ်ဖြစ်လုနီးနီး အခြေစိုက်နေပြီလို့ သတိပေးပြောဆိုခဲ့ပါတယ်။

အရေးပေါ်အထောက်အပံ့ လိုအပ်နေတဲ့ဧရိယာတွေကို အကူအညီပေးရေးအဖွဲ့တွေ ၀င်ရောက်ခွင့်မရအောင် ပိတ်ဆို့မှု၊ တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။ အခြေအနေကို ပိုပြီး အကျည်းတန်စေတဲ့ အချက်ကတော့ ပဋိပက္ခကြောင့် ပြည်သူအများ ငတ်မွတ်နေချိန်မှာ အစိုးရက အခြေအနေကို အမြတ်ထုတ်တဲ့ သဘောနဲ့ ဗီဇာကြေးတိုးမြှင့်မယ်လို့ ခြိမ်းခြောက်သတင်း ထုတ်ပြန်ခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)