ကမ္ဘောဒီးယားက မြောက်ကိုရီးယား စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်း၊ အလုပ်သမားတွေကို နှင်ထုတ်

0
120

ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုကို အကောင်အထည်ဖော် လိုက်နာတဲ့အနေနဲ့ ကမ္ဘောဒီးယား အစိုးရက နိုင်ငံတွင်းရှိ မြောက်ကိုရီးယားပိုင် စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းပြီး မြောက်ကိုရီးယား အလုပ်သမားတွေကို ပြည်နှင်ဒဏ် ပေးနေပါတယ်။

၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ချမှတ်ခဲ့တဲ့ အရေးယူမှုကို လိုက်နာတဲ့အနေနဲ့ ကမ္ဘောဒီးယား အစိုးရက မြောက်ကိုရီးယား စီးပွားရေး လုပ်ငန်း အားလုံးကို ပိတ်သိမ်း၊ ဘဏ်အကောင့်တွေကိုလည်း ပိတ်သိမ်းပြီး မြောက်ကိုရီးယား အလုပ်သမားတွေကိုလည်း တိုင်းပြည်ကနေ နှင်ထုတ်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် အရေးယူမှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားက ပထမဆုံး လိုက်နာ အကောင်အထည် ဖော်တာဖြစ်ပြီး အခုလို အကောင်အထည် ဖော်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းက အစီရင်ခံခဲ့ပေမယ့် ကုလသမဂ္ဂက အခုမှ ဝက်ဘ်ဆိုက်ပေါ်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ကမ်ဘောဒီးယားက မွောကျကိုရီးယား စီးပှားရေး လုပျငနျးတှေ ပိတျသိမျး၊ အလုပျသမားတှကေို နှငျထုတျ