ဒူဘိုင္းမွာ ကမာၻ႔အျမင့္ဆံုး ဟိုတယ္ ဖြင့္လွစ္

0
1045

အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ (UAE)၊ ဒူဘိုင္းၿမိဳ႕မွာ အျမင့္ ၃၅၆ မီတာ၊ အခန္း ၅၂၈ ခန္းပါ ကမာၻ႔အျမင့္ဆံုး ဟိုတယ္ ဂ်ီဗိုရာကို ဖြင့္လွစ္လိုက္ပါတယ္။

အခု ဟိုတယ္ဟာ ဒူဘိုင္းရွိ အျမင့္ဆံုးအျဖစ္ စံခ်ိန္တင္ထားတဲ့ ေဂ် ဒဗလ်ဴ မာရီေရာ့ မားကစ္ အေဆာက္အအံုထက္ ၁ မီတာ ပိုျမင့္ပါတယ္။ အရင္တုန္းက ၃၃၃ မီတာ ျမင့္တဲ့ ႐ိုတာနာ ဟိုတယ္ဟာ အျမင့္ဆံုး ဟိုတယ္အျဖစ္ စံခ်ိန္တင္ထားဖူးပါတယ္။

တည္းခိုမယ့္ ဧည့္သည္ေတြဟာ ေရႊကြပ္ထားတဲ့ တံခါးေပါက္ေတြကေန ဂ်ီဗိုရာ ဟိုတယ္ထဲကို ဝင္ရမွာ ျဖစ္ပါတယ္။ ဟိုတယ္မွာ က်န္းမာေရး ကလပ္ ၄ ခုနဲ႔ ဇိမ္ခံစားေသာက္ဆိုင္ ၂ ခု ရွိပါတယ္။ အထပ္ ၇၅ ထပ္ရွိ ဂ်ီဗိုရာ ဟိုတယ္ဟာ လန္ဒန္ရွိ ရွတ္ဒ္ ဟိုတယ္ထက္ မီတာ ၅၀၊ ျပင္သစ္က အီဖယ္ေမွ်ာ္စင္ထက္ ၅၆ မီတာ ပိုျမင့္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

ဒူဘိုင်းမှာ ကမ္ဘာ့အမြင့်ဆုံး ဟိုတယ် ဖွင့်လှစ်

အာရပ်စော်ဘွားများနိုင်ငံ (UAE)၊ ဒူဘိုင်းမြို့မှာ အမြင့် ၃၅၆ မီတာ၊ အခန်း ၅၂၈ ခန်းပါ ကမ္ဘာ့အမြင့်ဆုံး ဟိုတယ် ဂျီဗိုရာကို ဖွင့်လှစ်လိုက်ပါတယ်။

အခု ဟိုတယ်ဟာ ဒူဘိုင်းရှိ အမြင့်ဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဂျေ ဒဗလျူ မာရီရော့ မားကစ် အဆောက်အအုံထက် ၁ မီတာ ပိုမြင့်ပါတယ်။ အရင်တုန်းက ၃၃၃ မီတာ မြင့်တဲ့ ရိုတာနာ ဟိုတယ်ဟာ အမြင့်ဆုံး ဟိုတယ်အဖြစ် စံချိန်တင်ထားဖူးပါတယ်။

တည်းခိုမယ့် ဧည့်သည်တွေဟာ ရွှေကွပ်ထားတဲ့ တံခါးပေါက်တွေကနေ ဂျီဗိုရာ ဟိုတယ်ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။ ဟိုတယ်မှာ ကျန်းမာရေး ကလပ် ၄ ခုနဲ့ ဇိမ်ခံစားသောက်ဆိုင် ၂ ခု ရှိပါတယ်။ အထပ် ၇၅ ထပ်ရှိ ဂျီဗိုရာ ဟိုတယ်ဟာ လန်ဒန်ရှိ ရှတ်ဒ် ဟိုတယ်ထက် မီတာ ၅၀၊ ပြင်သစ်က အီဖယ်မျှော်စင်ထက် ၅၆ မီတာ ပိုမြင့်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)