ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးဖို႔ အေမရိကန္ လုိလား

0
1009

ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ႏုိင္ငံၾကားရွိ အေျခေနကို ေျပာင္းလဲႏိုင္ဖုိ႔ ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးမႈလုပ္ဖို႔ အဆင္သင့္ရွိတယ္လို႔ အေမရိကန္ ဒုတိယ သမၼတ မုိက္ကယ္ ပန္႔စ္က ေျပာပါတယ္။

ေတာင္ကုိရီးယားႏိုင္ငံဟာ ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ႏုိင္ငံၾကား ေဆြးေႏြးမႈ ျဖစ္လာေစဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ အေမရိကန္ ဒု သမၼတက အခုလို ေျပာတာျဖစ္ပါတယ္။

ဒု သမၼတ ပန္႔စ္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းနဲ႔ ေဆြးေႏြးၿပီးေနာက္ ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးမယ့္ အေၾကာင္းကို ထုတ္ေဖာ္ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ ဒု သမၼတက အေမရိကန္နဲ႔ ေတာင္ကိုရီးယား ႏုိင္ငံတုိ႔ဟာ ေဆြးေႏြးေရး ဦးစားေပးမယ္ ဆုိတဲ့အခ်က္ကို ဆက္လက္လုပ္ေဆာင္ဖုိ႔ သေဘာတူညီခဲ့တယ္လို႔ ေျပာပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြအရ ေတာင္ကိုရီးယားႏုိင္ငံကို ေရာက္ရွိေနတဲ့ ေျမာက္ကိုရီးယား အဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႔ ျပန္ေရာက္ရွိလာၿပီးခ်ိန္မွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ကလည္း ေဆြးေႏြးမႈေတြလုပ္ဖို႔ လုိလားမႈေတြ ရွိေနတယ္လို႔  ေျပာဆိုမႈေတြ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

 

မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ အမေရိကန် လိုလား

မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြားရှိ အခြေနေကို ပြောင်းလဲနိုင်ဖို့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုလုပ်ဖို့ အဆင်သင့်ရှိတယ်လို့ အမေရိကန် ဒုတိယ သမ္မတ မိုက်ကယ် ပန့်စ်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား ဆွေးနွေးမှု ဖြစ်လာစေဖို့ ကြိုးပမ်းနေချိန်မှာ အမေရိကန် ဒု သမ္မတက အခုလို ပြောတာဖြစ်ပါတယ်။

ဒု သမ္မတ ပန့်စ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ ဆွေးနွေးပြီးနောက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးမယ့် အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဒု သမ္မတက အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ဟာ ဆွေးနွေးရေး ဦးစားပေးမယ် ဆိုတဲ့အချက်ကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ပြန်ရောက်ရှိလာပြီးချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကလည်း ဆွေးနွေးမှုတွေလုပ်ဖို့ လိုလားမှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)