အေမရိကန္ ဗံုးႀကဲမႈေၾကာင့္  တာလီဘန္ေခါင္းေဆာင္တစ္ဦး ေသဆံုး

0
1040

တာလီဘန္အဖြဲ႔က စစ္ေသြးၾကြအဖြဲ႔ရဲ႕ အႀကီးတန္း ေခါင္းေဆာင္တစ္ဦးျဖစ္သူ ခါလစ္ မီဆူဟာ အေမရိကန္တို႔က ဒ႐ုန္းေလယာဥ္နဲ႔ တုိက္ခိုက္မႈအတြင္း ေသဆံုးသြားခဲ့ပါတယ္။

မီဆူဟာ ေတရစ္ အီ တာလီဘန္ ပါကစၥတန္ (TTP) အဖြဲ႔ရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး အဲဒီအဖြဲ႔ဟာ  ပါကစၥတန္ရွိ တာလီဘန္အဖြဲ႔ရဲ႕ အဓိက ဂိုဏ္းကြဲတစ္ခုလည္း ျဖစ္ပါတယ္။

TTP အဖြဲ႔ဟာ  အေသခံ ဗံုးခြဲတုိက္ခုိက္မႈေတြအျပင္ တျခား တုိက္ခိုက္မႈေတြ လုပ္ခဲ့ပါတယ္။ ၿပီးခဲတဲ့ႏွစ္ ဒီဇင္ဘာလမွာ အဲဒီ စစ္ေသြးၾကြအဖြဲ႔ေတြက  ပက္ရွ္ဝါၿမိဳ႕ရွိ ေကာလိပ္ေက်ာင္းတစ္ခုကို ပစ္ခတ္တိုက္ခိုက္ခဲ့လို႔ ၉ ဦး ေသဆံုးၿပီး ၃၆ ဦး ဒဏ္ရာရခဲ့ဖူးပါတယ္။   

မီဆူ ေသဆံုးသြားမႈက ပါကစၥတန္ရွိ တာလီဘန္အဖြဲ႔ရဲ႕ လႈပ္ရွားမႈေတြကို အားနည္းဖြယ္ရွိတယ္လို႔ သံုးသပ္ၾကပါတယ္။ မီဆူဟာ တာလီဘန္ အဖြဲ႔ေခါင္းေဆာင္ ျဖစ္လာၿပီးေနာက္ပိုင္း ပါကစၥတန္ႏိုင္ငံပိုင္ ဝါဇီရီစတန္ ေတာင္ပုိင္းေဒသမွာ စစ္ေသြးၾကြေတြရဲ႕ ပစ္မွတ္ထား တုိက္ခိုက္မႈေတြအျပင္  ပါကစၥတန္ႏိုင္ငံ ပိုင္နက္အတြင္း အၾကမ္းဖက္တုိက္ခိုက္မႈေတြ ဆက္လက္ လုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ဗုံးကြဲမှုကြောင့် တာလီဘန်ခေါင်းဆောင်တစ်ဦး သေဆုံး

တာလီဘန်အဖွဲ့က စစ်သွေးကြွအဖွဲ့ရဲ့ အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ခါလစ် မီဆူဟာ အမေရိကန်တို့က ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။

မီဆူဟာ တေရစ် အီ တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ရဲ့ အဓိက ဂိုဏ်းကွဲတစ်ခုလည်း ဖြစ်ပါတယ်။

TTP အဖွဲ့ဟာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေအပြင် တခြား တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ပြီးခဲတဲ့နှစ် ဒီဇင်ဘာလမှာ အဲဒီ စစ်သွေးကြွအဖွဲ့တွေက ပက်ရှ်ဝါမြို့ရှိ ကောလိပ်ကျောင်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၉ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။

မီဆူ သေဆုံးသွားမှုက ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အားနည်းဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ မီဆူဟာ တာလီဘန် အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်း ပါကစ္စတန်နိုင်ငံပိုင် ဝါဇီရီစတန် တောင်ပိုင်းဒေသမှာ စစ်သွေးကြွတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေအပြင် ပါကစ္စတန်နိုင်ငံ ပိုင်နက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)