
0
1012




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခါလီဒါ ဇီယာကို ပြန်လွတ်ဖို့ ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြ

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ အတိုက်အခံပါတီကို ထောက်ခံတဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေက အဂတိ လိုက်စားမှုနဲ့ ထောင်ကျခံရတဲ့ အတိုက်ခံပါတီ ခေါင်းဆောင် ခါလီဒါ ဇီယာကို ပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

လူဦးရေ သန်း ၁၆၀ ရှိတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဇီယာဟာ ဝန်ကြီးချုပ် ရာထူးကို နှစ်ကြိမ် တာဝန်ယူခဲ့ဖူးပြီး ငွေကြေးလိမ်လည်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခံခဲ့ရတာ ဖြစ်ပြီး သူ့ကို ထောက်ခံသူတွေကြောင့် ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့် အမျိုးသား ပါတီ (BNP) ခေါင်းဆောင်ဟာ သူရဲ့ ပြစ်ဒဏ်ကို အယူခံဝင်ဖို့ ရှိပေမယ့် သူ အခုလို ထောင်ကျမှုက ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ BNP ပါတီကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ BNP ပါတီ အထွေထွေအတွင်းရေးမှူး အစ္စလမ် အယ်လမ်ဂီက ဇီယာကို ချက်ခြင်းပြန်လွှတ်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ လိုလားတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)