အစီစဥ္သစ္ေတြမွာ စပိုက္ဂဲလ္ အဖြဲ႔ဝင္ေတြ ျပန္ေပါင္းႏိုင္မွာ မဟုတ္ဘူးလို႔ ဗစ္တိုးရီးယား ေျပာ

0
929

အမ်ိဳးသမီးဂီတအဖြ႔ဲ စပိုက္ဂဲလ္ အဖြဲ႔ဝင္ တစ္ဦးျဖစ္တဲ့ ဗစ္တုိရီးယား ဘက္ခမ္းက ေဖ်ာ္ေျဖေရးပြဲ အစီစဥ္သစ္ေတြမွာ စပိုက္ဂဲလ္အဖြဲ႔ဝင္ အားလံုး ျပန္ေပါင္းစည္းႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာလုိုက္ပါတယ္။  

အသက္ ၄၃ ႏွစ္ အရြယ္ရွိ ဖက္ရွင္ဒီဇိုင္နာ လုပ္ေနတဲ့ ဗစ္တုိးရီးယား ဘက္ခမ္းဟာ အခုလ အတြင္းမွာ  စပိုက္ဂဲလ္ အဖြဲ႔ဝင္ေတြျဖစ္တဲ့ ေဂရီ ဟာလီဝယ္လ္၊ အမ္မာ ဘန္တန္၊ မာလိန္း ဘေရာင္း၊ မာလိန္း ခ်စၥဟုမ္းတို႔နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ဗစ္တုိရီးယား ဘက္ခမ္းဟာ စပိုက္ဂဲလ္အဖြဲ႔ရဲ႕ အနာဂတ္ကို ၿဗိတိန္အေျခစိုက္ Vogue မဂၢဇင္းနဲ႔ အင္တာဗ်ဴးလုပ္ခ်ိန္မွာ အခုလိုမ်ိဳး ေျပာခဲ့တာ ျဖစ္ပါတယ္။

စပုိက္ဂဲလ္အဖြဲ႔ဝင္ ဗစ္တုိရီးယား ဘက္ခမ္းက   ေဖ်ာ္ေျဖေရးခရီးစဥ္မွာ သူပါဝင္မွာ မဟုတ္ဘဲ အဖြဲ႔ဝင္အားလံုးဟာ ေဖ်ာ္ေျဖေရး ခရီးစဥ္ေတြမွာ အတူ ရွိေနမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဗစ္တုိရီးယား ဘက္ခမ္းဟာ ေဖေဖာ္ဝါရီ ၂ ရက္ေန႔က အဖြဲ႔ဝင္ေတြ စု႐ိုက္ထားတဲ့ ပံုေတြကို အင္စတာဂရမ္မွာ တင္ခဲ့လုိ႔ ပရိသတ္ေတြ စိတ္လႈပ္ရွားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

အစီစဉ်သစ်တွေမှာ စပိုက်ဂဲလ် အဖွဲ့ဝင်တွေ ပြန်ပေါင်းနိုင်မှာ မဟုတ်ဘူးလို့ ဗစ်တိုးရီးယား ပြော

အမျိုးသမီးဂီတအဖွဲ့ စပိုက်ဂဲလ် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗစ်တိုရီးယား ဘက်ခမ်းက ဖျော်ဖြေရေးပွဲ အစီစဉ်သစ်တွေမှာ စပိုက်ဂဲလ်အဖွဲ့ဝင် အားလုံး ပြန်ပေါင်းစည်းနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုုက်ပါတယ်။

အသက် ၄၃ နှစ် အရွယ်ရှိ ဖက်ရှင်ဒီဇိုင်နာ လုပ်နေတဲ့ ဗစ်တိုးရီးယား ဘက်ခမ်းဟာ အခုလ အတွင်းမှာ စပိုက်ဂဲလ် အဖွဲ့ဝင်တွေဖြစ်တဲ့ ဂေရီ ဟာလီဝယ်လ်၊ အမ်မာ ဘန်တန်၊ မာလိန်း ဘရောင်း၊ မာလိန်း ချစ္စဟုမ်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗစ်တိုရီးယား ဘက်ခမ်းဟာ စပိုက်ဂဲလ်အဖွဲ့ရဲ့ အနာဂတ်ကို ဗြိတိန်အခြေစိုက် Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးလုပ်ချိန်မှာ အခုလိုမျိုး ပြောခဲ့တာ ဖြစ်ပါတယ်။

စပိုက်ဂဲလ်အဖွဲ့ဝင် ဗစ်တိုရီးယား ဘက်ခမ်းက ဖျော်ဖြေရေးခရီးစဉ်မှာ သူပါဝင်မှာ မဟုတ်ဘဲ အဖွဲ့ဝင်အားလုံးဟာ ဖျော်ဖြေရေး ခရီးစဉ်တွေမှာ အတူ ရှိနေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဗစ်တိုရီးယား ဘက်ခမ်းဟာ ဖေဖော်ဝါရီ ၂ ရက်နေ့က အဖွဲ့ဝင်တွေ စုရိုက်ထားတဲ့ ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့လို့ ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)