0
955
>>>>>>>>>>>>>>>>>>>>>>>>>>>>
မန်ယူနောက်တန်းလူတွေ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တယ်လို့ နယူးကာဆယ် အသင်းခေါင်းဆောင် ဝေဖန်
နယူးကာဆယ် အသင်းခေါင်းဆောင် ဂျာမယ် လက်စီလက်စ်က မန်ယူ နောက်တန်း ကစားသမားတွေဟာ နယူးကာဆယ်ကို ရှုံးနိမ့်တဲ့ပွဲမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
နယူးကာဆယ် အသင်းကို ရှုံးနိမ့်ပြီးနောက် မန်ယူအသင်း နောက်တန်းကစားပုံကို နည်းပြမော်ရင်ဟို အပါအဝင် အသင်း ကစားသမားဟောင်းတွေကလည်း ဝေဖန်ပြစ်တင်မူတွေ ရှိခဲ့နေခဲ့ပါတယ်။
ဗဟိုနောက်တန်း ကစားသမား နှစ်ဦးဖြစ်တဲ့ ဖီးဂျုံးစ်နဲ့ စမောလင်းမှာ မျှော်လင့်သလောက် ခြေစွမ်းပြနိုင်မှု မရှိဘဲ နောက်တန်းမှာ ဘယ်လို ကစားရမလဲမသိ ဖြစ်ခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
နယူးကာဆယ် အသင်းခေါင်းဆောင်က မန်ချက်စတာ ယူနိုက်တက်မှာ အကောင်းဆုံး စားသမားတွေ ရှိနေပြီး ကစားနေပုံဟာ မန်ယူအသင်း ဟုတ်မှဟုတ်ရဲ့လားလို့တောင် ထင်ခဲ့မိတယ်လို့ ပြောပါတယ်။
ဒါ့အပြင်မန်ယူ ကစားသမားတွေဟာ လွဲချော်မှုတွေ၊ အမှားတွေ ရှိနေခဲ့ပြီး မန်ယူ ဗဟိုနောက်ခံ ကစားတွေသမားတွေဟာ ဘောလုံးရှိနေချိန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာကြောင့် အမှားတွေကို အခွင့်အရေး ရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)