ဇူးမားကို သမၼတ ရာထူးက ႏုတ္ထြက္ဖို႔ ANC ပါတီေတာင္းဆုိ

0
990

ေတာင္အာဖရိက အာဏာရပါတီ ANC က သမၼတ ဂ်က္ေကာ့ ဇူးမားကို ရာထူးက ႏုတ္ထြက္ဖို႔  ေတာင္းဆုိသြားမွာ ျဖစ္ပါတယ္။

သမၼတ ဇူးမားဟာ ရာထူးက ႏုတ္ထြက္ဖို႔ ျငင္းဆန္မႈေတြ ရွိခဲ့ၿပီးေနာက္ အာဏာရပါတီဟာ ဇူးမားကို သမၼတကို ႏုတ္ထြက္ဖုိ႔ ေတာင္းဆုိဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ အာဏာရပါတီရဲ႕ ထိပ္တန္းတာဝန္ရွိသူေတြ ေဆြးေႏြးၿပီးေနာက္ ဇူးမားကို ရာထူးက ႏုတ္ထြက္ဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၇၅ ႏွစ္ အရြယ္ရွိ ဇူးမားဟာ ရာထူးက ႏုတ္မထြက္ဘူးဆိုရင္ လႊတ္ေတာ္အတြင္း သမၼတကို အယံုၾကည္မရိွအဆုိ တင္သြင္းခံရဖြယ္ရွိေနၿပီး ႐ံႈးနိမ့္ဖြယ္ရွိပါတယ္။ ဇူးမားဟာ ၂၀၀၉ ခုႏွစ္တည္းက ေတာင္အာဖရိက သမၼတအျဖစ္ စတင္တာဝန္ယူခဲ့ၿပီး အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ စြပ္စြဲခံရမႈေတြ ရွိေနပါတယ္။

အာဏာရပါတီက ဇူးမားကို ရာထူးႏုတ္ထြက္ေရးနဲ႔ ပတ္သက္ၿပီး အစီစဥ္ေတြကို တရားဝင္ အတည္ျပဳေျပာဆုိတာ မရွိေသးေပမယ့္ ပါတီနဲ႔ ရင္းႏွီးသူေတြကေတာ့ ေတာင္အာဖရိက မီဒီယာေတြမွာ ေျပာဆုိတာေတြ ရွိေနခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇူးမားကို သမ္မတ ရာထူးက နုတ်ထွက်ဖို့ ANC ပါတီတောင်းဆို

တောင်အာဖရိက အာဏာရပါတီ ANC က သမ္မတ ဂျက်ကော့ ဇူးမားကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

သမ္မတ ဇူးမားဟာ ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်မှုတွေ ရှိခဲ့ပြီးနောက် အာဏာရပါတီဟာ ဇူးမားကို သမ္မတကို နုတ်ထွက်ဖို့ တောင်းဆိုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အာဏာရပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေ ဆွေးနွေးပြီးနောက် ဇူးမားကို ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၅ နှစ် အရွယ်ရှိ ဇူးမားဟာ ရာထူးက နုတ်မထွက်ဘူးဆိုရင် လွှတ်တော်အတွင်း သမ္မတကို အယုံကြည်မရှိအဆို တင်သွင်းခံရဖွယ်ရှိနေပြီး ရှုံးနိမ့်ဖွယ်ရှိပါတယ်။ ဇူးမားဟာ ၂၀ဝ၉ ခုနှစ်တည်းက တောင်အာဖရိက သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ပြီး အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စွပ်စွဲခံရမှုတွေ ရှိနေပါတယ်။

အာဏာရပါတီက ဇူးမားကို ရာထူးနုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး အစီစဉ်တွေကို တရားဝင် အတည်ပြုပြောဆိုတာ မရှိသေးပေမယ့် ပါတီနဲ့ ရင်းနှီးသူတွေကတော့ တောင်အာဖရိက မီဒီယာတွေမှာ ပြောဆိုတာတွေ ရှိနေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)