တ႐ုတ္ဝါရင့္ ႏိုင္ငံေရးသမား ဆြန္ ဇန္က်ိဳင္ အဂတိလိုက္စားမႈနဲ႔ စြဲခ်က္တင္

0
937

ရာထူးကေန ျဖဳတ္ခ်ခံထားရတဲ့ ဝါရင့္ ႏိုင္ငံေရးသမား ဆြန္ ဇန္က်ိဳင္ အဂတိလိုက္စားမႈနဲ႔ တ႐ုတ္ အစိုးရ ေရွ႕ေနေတြက စြဲခ်က္ တင္လိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ထိပ္တန္းေခါင္းေဆာင္ တစ္ဦး ျဖစ္လာမယ္လို႔ ထင္ေၾကးေပးခံခဲ့ရတဲ့ ဆြန္ကို တ႐ုတ္ရဲ႕ အေရးပါတဲ့ ၿမိဳ႕ျဖစ္တဲ့ ခ်ံဳကင္းၿမိဳ႕ ကြန္ျမဴနစ္ပါတီ အႀကီးအကဲ ရာထူးကေန မႏွစ္က ဇူလိုင္လမွာ ဖယ္ရွားခဲ့ၿပီး သမၼတ ရွီက်င့္ဖ်င္နဲ႔ နီးစပ္သူ ခ်င္မင္နာနဲ႔ အစားထိုးခဲ့ပါတယ္။

ဆြန္ ဇန္က်ိဳင္ကို လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈ၊ အဂတိလိုက္စားမႈ၊ အာဏာအလြဲသံုးစားမႈေတြနဲ႔ မႏွစ္က ႏိုဝင္ဘာမွာ ပါလီမန္က ထုတ္ပယ္လိုက္ပါတယ္။ ဆြန္ကို စစ္ေဆးေနစဥ္အတြင္း ဘယ္သူကမွ သူ႔ကို ဆက္သြယ္လို႔ မရခဲ့ပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ဝါရင့် နိုင်ငံရေးသမား ဆွန် ဇန်ကျိုင် အဂတိလိုက်စားမှုနဲ့ စွဲချက်တင်

ရာထူးကနေ ဖြုတ်ချခံထားရတဲ့ ဝါရင့် နိုင်ငံရေးသမား ဆွန် ဇန်ကျိုင် အဂတိလိုက်စားမှုနဲ့ တရုတ် အစိုးရ ရှေ့နေတွေက စွဲချက် တင်လိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်လာမယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ ဆွန်ကို တရုတ်ရဲ့ အရေးပါတဲ့ မြို့ဖြစ်တဲ့ ချုံကင်းမြို့ ကွန်မြူနစ်ပါတီ အကြီးအကဲ ရာထူးကနေ မနှစ်က ဇူလိုင်လမှာ ဖယ်ရှားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ နီးစပ်သူ ချင်မင်နာနဲ့ အစားထိုးခဲ့ပါတယ်။

ဆွန် ဇန်ကျိုင်ကို လျှို့ဝှက်ချက် ပေါက်ကြားမှု၊ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ မနှစ်က နိုဝင်ဘာမှာ ပါလီမန်က ထုတ်ပယ်လိုက်ပါတယ်။ ဆွန်ကို စစ်ဆေးနေစဉ်အတွင်း ဘယ်သူကမှ သူ့ကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)