အမ်ိဳးသမီး ကြန္ျမဴနစ္ သူပုန္ေတြကို ႏွိမ္နင္းရင္ လိင္အဂၤါကို ပစ္ဖို႔ ဒူတာေတး အမိန္႔ေပး

0
451

အမ်ိဳးသမီး ကြန္ျမဴနစ္ သူပုန္ေတြကို ပစ္ခတ္ႏွိမ္နင္းတဲ့အခါ လိင္အဂၤါေနရာကို ပစ္ဖို႔ အမိန္႔ေပးလိုက္တဲ့အတြက္ ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးဟာ မိန္းမမုန္းဝါဒီ၊ မဟာဖိုဝါဒီ ဖက္ဆစ္လို႔ အမည္တပ္ခံေနရပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းက မာလာကန္ညန္မွာ ကြန္ျမဴနစ္ သူပုန္ေဟာင္း ၂၀၀ ေက်ာ္ကို မိန္႔ခြန္းေျပာစဥ္ သမၼတ ဒူတာေတးက အမ်ိဳးသမီး ေျပာက္က်ားသူပုန္ေတြနဲ႔ ပတ္သက္လို႔ အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။ သူတို႔ကို မသတ္ဘူး၊ လိင္အဂၤါေနရာကို ပစ္မယ္လို႔ ေျပာခဲ့ၿပီး အမ်ိဳးသမီးတစ္ေယာက္ကို သံုးမရျဖစ္ေအာင္ လုပ္ခ်င္တာလို႔ ဆိုလိုတာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ သမၼတ ဒူတာေတးရဲ႕ မိန္႔ခြန္းကို ဆင္ဆာျဖတ္ေတာက္ ျပင္ဆင္ခဲ့ေပမယ့္ သူမိန္႔ခြန္း ေျပာေနစဥ္အတြင္း အသံဖမ္း မွတ္တမ္းတင္ထားတာေတြ ရွိေနခဲ့ပါတယ္။ သမၼတ ဒူတာေတးရဲ႕ မွတ္ခ်က္က ေဒသတြင္းရွိ လူ႔အခြင့္အေရး အဖြဲ႔ေတြနဲ႔ အမ်ိဳးသမီးအဖြဲ႔ေတြကို ေဒါသထြက္ေစခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီး ကွန်မြူနစ် သူပုန်တွေကို နှိမ်နင်းရင် လိင်အင်္ဂါကို ပစ်ဖို့ ဒူတာတေး အမိန့်ပေး

အမျိုးသမီး ကွန်မြူနစ် သူပုန်တွေကို ပစ်ခတ်နှိမ်နင်းတဲ့အခါ လိင်အင်္ဂါနေရာကို ပစ်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မိန်းမမုန်းဝါဒီ၊ မဟာဖိုဝါဒီ ဖက်ဆစ်လို့ အမည်တပ်ခံနေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မာလာကန်ညန်မှာ ကွန်မြူနစ် သူပုန်ဟောင်း ၂၀ဝ ကျော်ကို မိန့်ခွန်းပြောစဉ် သမ္မတ ဒူတာတေးက အမျိုးသမီး ပြောက်ကျားသူပုန်တွေနဲ့ ပတ်သက်လို့ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို မသတ်ဘူး၊ လိင်အင်္ဂါနေရာကို ပစ်မယ်လို့ ပြောခဲ့ပြီး အမျိုးသမီးတစ်ယောက်ကို သုံးမရဖြစ်အောင် လုပ်ချင်တာလို့ ဆိုလိုတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ သမ္မတ ဒူတာတေးရဲ့ မိန့်ခွန်းကို ဆင်ဆာဖြတ်တောက် ပြင်ဆင်ခဲ့ပေမယ့် သူမိန့်ခွန်း ပြောနေစဉ်အတွင်း အသံဖမ်း မှတ်တမ်းတင်ထားတာတွေ ရှိနေခဲ့ပါတယ်။ သမ္မတ ဒူတာတေးရဲ့ မှတ်ချက်က ဒေသတွင်းရှိ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေကို ဒေါသထွက်စေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)