
0
284




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိုမန်ကို ၄၈ နာရီအတွင်း စက်ဘီးနဲ့ ဖြတ်သန်းပြီး ဂျိုနသန် ရှူးဘတ် စံချိန်တင်

အိုမန်နိုင်ငံကို ၄၈ နာရီအတွင်း ကီလိုမီတာ ၁၃၀ဝ ဖြတ်သန်း စက်ဘီးနင်းပြီး ဗြိတိသျှ စက်ဘီး ချန်ပီယံ ဂျိုနသန် ရှူးဘတ်က ကမ္ဘာ့ စံချိန်သစ် တင်လိုက်ပါတယ်။

အရင်တုန်းက အိုမန်နိုင်ငံကို ဖြတ်သန်းဖို့ ၆ ရက်တာ စက်ဘီးနင်းပြီး စံချိန်တင်ထားတာ ဖြစ်ပါတယ်။ ရှူးဘတ်ဟာ အိုမန်မြောက်ပိုင်းရှိ မြို့တော် မတ်စကတ်ကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်က ထွက်ခဲ့ပြီး ဝါဟီဘာ ကန္တာရကို ဖြတ်ကာ တောင်ပိုင်းရှိ ဆာလာလာမြို့ကို နောက်နေ့ မနက် ၄ နာရီမှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ရှူးဘတ်ဟာ လက်ရှိမှာ အိုမန်ရှိ ဗြိတိသျှ စာသင်ကျောင်းမှာ သိပ္ပံနည်းပြဆရာ လုပ်နေပြီး အီရတ်မြောက်ပိုင်းရှိ ဒုက္ခသည်တွေကို ကူညီရေး ရန်ပုံငွေရှာဖို့ အခုလို စက်ဘီးနင်းခဲ့တာ ဖြစ်ပါတယ်။ ရှူးဘတ်ဟာ ဗြိတိသျှ စက်ဘီးချန်ပီယံဟောင်း ဖြစ်ပြီး စက်ဘီနဲ့ ကမ္ဘာပတ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)