
0
2045

 





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရေခဲပြင်ဟော်ကီ အတူယှဉ်ပြိုင်ဖို့ တောင်ကိုရီးယား နဲ့မြောက်ကိုရီးယား တို့ဆွေးနွေးနေ

တောင်ကိုရီးယား နဲ့မြောက်ကိုရီးယားတို့ ဟာ လာမယ့်လမှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲ မှာ နိုင်ငံ စလုံး ကအားကစားသမားတွေအတူတက်ရောက်ဖို့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။

ဒါအပြင် ရေခဲပြင် ဟော်ကီ ကစားနည်းကို အတူ ပူးပေါင်းယှဉ်ပြိုင်ဖို့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယားနိုင်ငံက အားကစားအဖွဲ့ စေလွတ်ဖို့ သဘောတူညီမှုတွေရရှိပြီးနောက် ဟော်ကီ ပြိုင်ပွဲမှာ အတူ ယှဉ်ပြိုင်နိုင်ဖို့ တောင်ကိုရီးယားဘက်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ တောင်ကိုရီးယားနိုင်ငံ ဘက်က ဟော်ကီ အတူ ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းတာကို တုံပြန်မှုမရှိသေးဘူးလို့မီဒီယာတွေကဖော်ပြပါတယ်။

လက်ရှိအချိန်မှာတောင်ကိုရီးယား နဲ့မြောက်ကိုရီးယား တာဝန်ရှိသူတွေ ဟာ ပြိုင်ပွဲအစီစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)