
0
2132





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ရဲ့ ပိတ်ဆို့မှုတွေကို တုံပြန်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးပြော

အီရန် နိုင်ငံက နိုင်ငံ တရားသူကြီးချုပ်ကို အမေရိကန်နိုင်ငံက ပိတ်ဆို့မှုတွေချမှတ်တာနဲ့ ပတ်သက်လို့ ပြန်လက်စားချေသွားမယ်လို့ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဟာ အီရန်နိုင်ငံရဲ့တရားသူကြီးချုပ် အယာတိုလာ ဆာဒက်လာရီဂျာနီအပါဝင် လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်း ၁၄ ခုကို ပိတ်ဆို့မှုချမှတ်ထားတယ်လို့ ကြေညာခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဗ်က အ ခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ဒါအပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးက သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက် တွေက အီရန် နျူကလီယား နဲ့ ပတ်သက်ပြီးရရှိထားတဲ့ သဘောတူညီမှုတွေကို ထိခိုက်စေတယ်လို့ ဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ ရဲ့ ပိတ်ဆို့မှုချမှတ်တာတွေ ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)