ထိပ္တန္းအရာရွိမ်ားစြာကို ဖိလစ္ပိုင္ သမၼတ ရာထူး ထုတ္ဖြယ္ရွိေန

0
2124

အက်င့္ပ်က္ျခစားမႈ တုိက္ဖ်က္ေရး လုပ္ငန္းစဥ္တစ္ရပ္အျဖစ္ သမၼတ ဒူတာေတးက ထိပ္တန္းတာဝန္ရွိသူ အရာရွိမ်ားစြာကို ျဖဳတ္ထုတ္ပစ္ဖို႔ ရွိေနတယ္လို႔ မီဒီယာေတြကေဖာ္ျပပါတယ္။

ဖိလစ္ပိုင္အစိုးရအဖြဲ႔အတြင္း အက်င့္ပ်က္ျခစားမႈကို ရွင္းလင္းဖို႔ အစြမ္းရွိသမွ် လုပ္ေဆာင္သြားမွာျဖစ္ၿပီး  အႀကီးတန္းအရာရွိမ်ားရဲ႕ လာဘ္ေပးလာဘ္ယူကိစၥရပ္မ်ားအျပင္ ရဲအရာရွိမ်ားအေပၚ စြပ္စြဲထားခ်က္မ်ားအေပၚလည္း စစ္ေဆးသြားမယ္လုိ႔ ဖိလစ္ပိုင္ သမၼတကေျပာခဲ့ပါတယ္။

ဒူတာေတးက အစိုးရအဖြဲ႔အတြင္း အက်င့္ပ်က္ျခစားမႈမ်ားကို တိုက္ထုတ္တဲ့ လုပ္ငန္းစဥ္အျဖစ္ ျပည္ထဲေရးဝန္ႀကီးေဟာင္း၊ မူးယစ္ေဆးဝါးအႏၱရာယ္ ကာကြယ္ေရး ဘုတ္အဖြဲ႔ဥကၠဌ၊ ေရေၾကာင္းစက္မႈ စီမံခန္႔ခြဲမႈ႐ုံး အႀကီးအကဲ   အျပင္ ၿမိဳျပဆင္းရဲေရးရာ ေကာ္မရွင္ အႀကီးအကဲေတြကိုလည္း ရာထူးက ႏုတ္ထြက္ေစခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒူတာေတး သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ မူးယစ္ေဆးဝါးျပသာနာကို  စစ္ပြဲအျဖစ္ ဆင္ႏြဲမႈအျဖစ္ လုပ္ေဆာင္တာေတြကို  ကမာၻသတင္းေတြက  ဦးစားေပးေပးေဖာ္ျပတာရွိခဲ့သလို   မူးယစ္ေဆးစစ္ပြဲနဲ႔ပတ္သက္လုိ႔ လူအခြင့္ေရးအဖြဲ႔ေတြက ေဝဖန္တာေတြရွိေနခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိပ်တန်းအရာရှိများစွာကို ဖိလစ်ပိုင် သမ္မတ ရာထူး ထုတ်ဖွယ်ရှိနေ

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သမ္မတ ဒူတာတေးက ထိပ်တန်းတာဝန်ရှိသူ အရာရှိများစွာကို ဖြုတ်ထုတ်ပစ်ဖို့ ရှိနေတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

ဖိလစ်ပိုင်အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုကို ရှင်းလင်းဖို့ အစွမ်းရှိသမျှ လုပ်ဆောင်သွားမှာဖြစ်ပြီး အကြီးတန်းအရာရှိများရဲ့ လာဘ်ပေးလာဘ်ယူကိစ္စရပ်များအပြင် ရဲအရာရှိများအပေါ် စွပ်စွဲထားချက်များအပေါ်လည်း စစ်ဆေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတကပြောခဲ့ပါတယ်။

ဒူတာတေးက အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများကို တိုက်ထုတ်တဲ့ လုပ်ငန်းစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဟောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး ဘုတ်အဖွဲ့ဥက္ကဌ၊ ရေကြောင်းစက်မှု စီမံခန့်ခွဲမှုရုံး အကြီးအကဲ အပြင် မြိုပြဆင်းရဲရေးရာ ကော်မရှင် အကြီးအကဲတွေကိုလည်း ရာထူးက နုတ်ထွက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒူတာတေး သမ္မတအဖြစ်တာဝန်ယူပြီးနောက် မူးယစ်ဆေးဝါးပြသာနာကို စစ်ပွဲအဖြစ် ဆင်နွဲမှုအဖြစ် လုပ်ဆောင်တာတွေကို ကမ္ဘာသတင်းတွေက ဦးစားပေးပေးဖော်ပြတာရှိခဲ့သလို မူးယစ်ဆေးစစ်ပွဲနဲ့ပတ်သက်လို့ လူအခွင့်ရေးအဖွဲ့တွေက ဝေဖန်တာတွေရှိနေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)