
0
2113






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆန္ဒပြခံရမှာစိုးတာကြောင့် အမေရိကန် သမ္မတ ထရမ့် ဗြိတိန်ကို မလာတာလို့ ဝေဖန်မှုရှိနေ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဗြိတိန်နိုင်ငံကိုမလာရောက်ခြင်း မှာ ဆန္ဒပြခံရမှာစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

အမေရိကန် သမ္မတကတော့ ဗြိတိန်နိုင်ငံမှာ ရှိတဲ့အမေရိကန် သံရုံးသစ်ဖွင့်လှစ်ပွဲကိုတက်ရောက်မှာမဟုတ်တဲ့ကြောင်း၊ သူအနေနဲ့ သံရုံးသစ်ဖွင့်ပွဲမတက်ရောက်မှုမှာ သံရုံးသစ်တည်နေရာကိုမနှစ်တာကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လန်ဒန်မြို့တော်ဝန် ခန့်က ဒေါ်နယ်ထရမ့် ရဲ့ ခွဲခြားဆက်ဆံတဲ့မှုဝါဒတွေဆက်ရှိနေမယ်ဆိုရင် လန်ဒန်ကပြည်သူတွေ ဟာအမေရိကန် သမ္မတလာရောက်ချိန်မှာကြိုဆိုမှာမဟုတ်ကြောင်း၊ တွစ်တာရေးသားခဲ့ပါတယ်။

ထရမ့်ရဲ့လုပ်ရပ်ဟာအမေရိကန်နဲ့ဗြိတိန်ဆက်ဆံရေးကိုထိခိုက်မှုတွေရှိလာနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ဗြိတိန်ရှိအမေရိကန်သံရုံးသစ်ကိုလာမယ့်ဖေဖော်ဝါရီလအတွင်းမှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်က အရင်သမ္မတဟောင်းအိုဘားမား ဟာ လန်ဒန်မြို့ရဲ့အကောင်းဆုံးနေရာမှာရှိနေတဲ့ သံရုံးကိုရောင်းပစ်ပြီး မြို့အစွန်နေရာမှာ သံရုံးသစ်တည်ဆောက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)