
0
2120




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျေရုဆလမ် အရေး ဆန္ဒပြတဲ့ ပါလက်စတိုင်းပြည်သူ ဒါဇင်ချီ ဒဏ်ရာရ

ဂျေရုဆလမ်မြို့ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် သတ်မှတ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို ပါလက်စတိုင်း ပြည်သူတွေက ဆန္ဒပြချိန်အတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် ပါလက်စတိုင်းတွေ ဒါဇင်ချီ ဒဏ်ရာရသွားခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ပါလက်စတိုင်း ပြည်သူတွေဟာ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက သောကြာ သီတင်းပတ်တိုင်း ဆန္ဒပြမှုတွေလုပ်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသအနီး မြို့တွေမှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ပြည်သူ ၄၃ ဦး ဒဏ်ရာရခဲ့သလို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၆၅ ဦးကို ပြုစုကုသနေရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)